ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၀ ရက်
ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ထရီဆာ လာဇာရိုဟာ ဒီနှစ်ကုန်မှာ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုခရီးစဉ် သွားရောက်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။
အာဆီယံဒေသမှ သတင်းထောက်တွေနဲ့ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံမှ တာဝန်ရှိသူများ တွေ့ ဆုံတဲ့ (၁၀) ကြိမ်မြောက် အာဆီယံ မီဒီယာဖိုရမ်မှာ ၎င်းက အခုလို အတည်ပြုခဲ့တာပါ။ ယခုနှစ် ဖိလစ်ပိုင် အာဆီယံဥက္ကဋ္ဌ တာဝန်ယူမှုဟာ နောက်ဆက်တွဲ ရိုက်ခတ်မှု အကြီးမားဆုံး သော နှစ်တစ်နှစ် ဖြစ်လာနိုင်ကြောင်း လာဇာရိုက ပြောပါတယ်။

ဇူလိုင် ၁၂ ရက်က ဘန်ကောက်မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ရွေးတုအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ကြား အလွတ်သဘော တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ လာဇာရိုက သူရဲ့မြန်မာခရီးစဉ်ကို အောက်တိုဘာမှ ဒီဇင်ဘာလအတွင်း သွားရောက်ဖို့ လျာထားကြောင်း ဆိုပါတယ်။
ယခုခရီးစဉ်ရဲ့ အဓိက ဦးတည်ချက်မှာ မြန်မာပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူ အညီတွေ ပေးအပ်နိုင်ရေး ဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“အကူအညီပေးမယ့် ဦးစားပေး ဒေသတွေကို အခု စိစစ်နေပြီး ဩဂုတ်လမှာ အတည်ပြုနိုင်ဖို့ မျှော် လင့်ပါတယ်။ ရန်ကုန်မှာရှိတဲ့ ဖိလစ်ပိုင်သံရုံးက ပေါင်းစပ်ညှိနှိုင်းပေးနေပြီး ခရီးစဉ်ကိုတော့ ဒီနှစ်ကုန် လောက်မှာ သွားရောက်ဖို့ စီစဉ်ထားပါတယ်” လို့ လာဇာရိုက ပြောပါတယ်။
အာဆီယံ အထူးသံတမန်တစ်ဦးအနေဖြင့် သတိထား ဆောင်ရွက်နေရပြီး တောင်းဆိုချက်တွေ ပြု လုပ်ခြင်းကို ရှောင်ရှားနေရကြောင်း ၎င်းက ဆိုပါတယ်။ထိန်းသိမ်းခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရပါက အာဆီယံအဖွဲ့အ တွက် အဓိပ္ပာယ်ပြည့်ဝတဲ့ ခြေလှမ်း ဖြစ်လာမယ်လို့ သူက ထောက်ပြပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရင် အာဆီယံအတွက် အလွန်ကောင်းမွန်မှာ ဖြစ်သလို ကမ္ဘာ့ အလယ်မှာ အာဆီယံရဲ့ အခန်းကဏ္ဍကို ပြန်လည်ပေါ်လွင်စေမှာပါ” လို့ လာဇာရိုက ပြောပါတယ်။
ကိုးကား – Bangkok Post
Ref; Asean envoy plans to visit Myanmar