ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၀ ရက်
တရုတ်က တိုက်ခိုက်လို့ ထောက်ပံ့ရေးစခန်းတွေ ပျက်စီးသွားခဲ့ရင် စစ်ဆင်ရေးတွေ မပြတ်တောက် စေဖို့ ဩဂုတ်လ စစ်ရေးလေ့ကျင့်မှုအတွင်း လက်နက်စက်ရုံတွေ ရွှေ့ပြောင်းတာနဲ့အရပ်ဘက် စက်ရုံတွေကို စစ်ဘက်သုံးအဖြစ် ပြောင်းလဲတာတွေကို စမ်းသပ်သွားမယ်လို့ ထိုင်ဝမ် ကာကွယ် ရေးဝန်ကြီး ဌာနက ပြောပါတယ်။
ဩဂုတ် ၅ ရက်ကနေ ၁၄ ရက်အထိ ပြုလုပ်မယ့် နှစ်စဉ် ဟန်ကွမ်း စစ်ရေးလေ့ကျင့်မှုမှာ တရုတ်က ပုံမှန် စစ်ရေးလေ့ကျင့်မှုကို အကြောင်းပြပြီး အပြည့်အဝ ကျူးကျော်ဖို့ ပြင်ဆင်လာမယ့် အခြေအနေကို ဟန်ပြတုပ စမ်းသပ်သွားမှာပါ။
ဒီလေ့ကျင့်မှုဟာ စစ်ပွဲအတွင်း အဓိက စက်မှုထုတ်လုပ်မှုတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းရင်းနဲ့ ထိုင်ဝမ်စစ်တပ်အတွက် လိုအပ်တဲ့ စစ်လက်နက် ထောက်ပံ့မှုတွေကို ဆက်လက် ထိန်းသိမ်းထားနိုင်သ လားဆိုတာကို စစ်ဆေးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
စစ်ပွဲစတင်တာနဲ့ တရုတ်ဘက်က ကွပ်ကဲရေးစခန်းတွေ၊ ဆိပ်ကမ်းတွေ၊ ထောက်ပံ့ရေးစခန်းတွေနဲ့ ကာကွယ်ရေးစက်ရုံတွေကို အဓိက ပစ်မှတ်ထား ဖျက်ဆီးလိမ့်မယ်ဆိုတဲ့ ထိုင်ဝမ်ရဲ့ စိုးရိမ်မှုကို ကြို တင်တုံ့ ပြန်ဖို့ ပြင်ဆင်တာလည်း ဖြစ်ပါတယ်။
ထိုင်ဝမ်အစိုးရက သီးခြားလွတ်လပ်တဲ့ နိုင်ငံတစ်ခုဖြစ်ကြောင်း သတ်မှတ်ထားပြီး ထိုင်ဝမ်ကို ပိုင် ဆိုင်ကြောင်း တရုတ်ရဲ့ ပြောဆိုချက်တွေကို ပယ်ချထားပါတယ်။
စစ်ရေးလေ့ကျင့်မှုအတွင်း တရုတ်တပ်ဖွဲ့တွေက နှစ်စဉ်ပြုလုပ်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အကာ အကွယ်ယူပြီး ကျူးကျော်ဖို့ နောက်ဆုံးပြင်ဆင်လာမယ့် အခြေအနေတွေကို ထည့်သွင်းထားတယ်လို့ စစ်ဆင်ရေးဌာနခွဲက ဗိုလ်ချုပ် လူဝမ်ယွမ်က ပြောပါတယ်။
အရေးပေါ်အမိန့် ထုတ်ပြန်ပြီးရင် ထိုင်ပေမှာရှိတဲ့ အမှတ် ၂၀၂ လက်နက်စက်ရုံကို ဘေးလွတ်ရာ ရွှေ့ပြောင်းတာနဲ့ စစ်ဘက်သုံး ပြောင်းလဲမယ့် အရပ်ဘက်စက်ရုံတွေကို အလျင်အမြန် စုစည်းတာတွေကို လေ့ကျင့်သွားမှာ ဖြစ်ပါတယ်။
ပင်လယ်ရေကြောင်း လမ်းကြောင်းတွေ မပိတ်သွားအောင် ထိန်းသိမ်းဖို့နဲ့ အရေးပါတဲ့ ထောက်ပံ့ ရေးသင်္ဘောတွေကို အကာအကွယ်ပေးနိုင်ဖို့အတွက် ရေတပ်နဲ့ ကမ်းခြေစောင့်တပ်တို့ ပူးပေါင်းပြီး ကျည် အစစ်တွေနဲ့ လေ့ကျင့်မှာပါ။
ထိုင်ဝမ်ကျွန်း ပတ်လည်မှာ တရုတ်ကမ်းခြေစောင့်တပ်ရဲ့ လှုပ်ရှားမှုတွေ မြင့်တက်လာတာ ကြောင့် ပစိဖိတ်က အဓိက ထောက်ပံ့ရေး လမ်းကြောင်းတွေ ပိတ်ဆို့ခံရမှာကို ထိုင်ဝမ်က စိုးရိမ်နေတာပါ။ ထိုင်ဝမ်မှာရှိတဲ့ အမေရိကန် သံရုံးအဖွဲ့အစည်း (AIT) က အမေရိကန်နဲ့ ထိုင်ဝမ် ကမ်းခြေစောင့် တပ်ဖွဲ့တို့ကြား ရေကြောင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်နေမှုကို ပထမဆုံးအကြိမ် ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Taiwan drills to test relocating arms production under Chinese attack