ဧရာ၀တီတိုင်းမ်
ဇူလိုင် ၂၉ ရက်
မန္တလေးမြို့တွင် ယနေ့ ဇူလိုင် ၂၉ ရက် ဝါဆိုလပြည့်နေ့ ညပိုင်း၌ အရှိန်ပြင်းပြင်းဖြင့် ငလျင် သိသိသာသာ လှုပ်ခတ်သွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
မန္တလေးမြို့တွင် ယနေ့ ည ၈ နာရီ ၃၂ မိနစ်က အောင်မြေသာဇံမြို့နယ်၏ အနောက်မြောက်ဘက် ၆ မိုင်ခန့်အကွာ အနက် ၁၅ ကီလိုမီတာကို ဗဟိုပြု၍ မဂ္ဂနီကျူ ၄.၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
“ငလျင်လှုပ်တာ လန့်သွားတာပဲ။ ထမင်းစားနေရင်း ထပြေးရတယ်။ အရင်တစ်ခါ လှုပ်သလိုမျိုးကို ဖြစ်တာ။ အတော် လှုပ်သွားတယ်။ အသံနဲ့လာတာ” ဟု မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီ တိုင်းမ်ကို ပြောသည်။
ထို့ပြင် မန္တလေးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းနေချိန် ဖြစ်သဖြင့် ယခု ငလျင်လှုပ်ခတ်မှုကြောင့် ဒေသခံများတွင် စိုးရိမ်ထိတ်လန့်မှုများရှိနေကြောင်း သိရသည်။
ဓာတ်ပုံ – မိုး/ဇလ