ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၈ ရက်

မြန်မာစစ်တပ်ဟာ ပြီးခဲ့တဲ့မတ်လအတွင်း စစ်ဘက်ဆိုင်ရာ ကွပ်ကဲမှုစနစ်ကို ပြင်ဆင်ဖွဲ့စည်းပြီး နောက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွေကို တိုးမြှင့်လုပ်ဆောင်လာတယ်လို့ ပဋိပက္ခ လေ့လာစောင့် ကြည့်ရေးအဖွဲ့ ACLED က တနင်္လာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ဧပြီလအတွင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အဖြစ်မှ အရပ်ဘက်သမ္မတအဖြစ် ကူးပြောင်းယူခဲ့ပြီးနောက် ထိန်းချုပ်နယ်မြေတွေကို ပြန်သိမ်း ပိုက်ဖို့ လုပ်ဆောင်နေလို့ ပြည်သူတွေအတွက် အေးချမ်းမှုရဖို့ မလွယ်ကူသေးဘူးလို့ အမေရိကန် အခြေ စိုက် ACLED ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မင်းအောင်လှိုင်ဟာ ဧပြီလအတွင်း မြန်မာနိုင်ငံရဲ့ ၁၁ ဦးမြောက် သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပြီး သူဟာ ၂၀၂၁ ခုနှစ် ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့ချိန်ကစလို့ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တာပါ။

စစ်အစိုးရဟာ စစ်ဆင်ရေးဆိုင်ရာ နည်းဗျူဟာတွေကို ပြင်ဆင်ခဲ့ပြီး ပစ်မှတ်တစ်ခုတည်းကို မနား တမ်း လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ဖို့ တိုက်လေယာဉ် ၂ စီးကနေ ၅ စီးအထိ ပါဝင်တဲ့ လေယာဉ်အုပ် စုတွေ အသုံးပြုနေပါတယ်။

ပစ်မှတ်တစ်ခုတည်းကိုပဲ ထပ်ခါတလဲလဲ တိုက်ခိုက်နေလို့ စစ်ဆင်ရေးအရေအတွက် နည်းပါးသွား သလို ထင်ရပေမဲ့ ဒီတိုက်ခိုက်မှုတွေဟာ ပြည်သူတွေကို ပိုမိုသေကြေပျက်စီးစေပြီး အခြေခံအဆောက်အ အုံတွေကို အကြီးအကျယ် ပျက်စီးစေတယ်လို့ အစီရင်ခံစာက ထောက်ပြပါတယ်။

စစ်အစိုးရရဲ့ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေဟာ မိုးရာသီကာလမှာ ခေတ္တလျော့ပါးသွားနိုင် ပေမဲ့ အောက်တိုဘာလနောက်ပိုင်းမှာ လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေကို ပြန်သိမ်းပိုက်ဖို့ ၂၀၂၆ ခုနှစ် ကုန်မှာ တိုက်ခိုက်မှုတွေ ပြန်စနိုင်တယ်လို့ ACLED က ခန့်မှန်းထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေလို့ စစ်ဒဏ် သင့်ဒေသများမှ ပြည်သူအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေကို ထွက် ပြေးရသူတွေရှိသလို ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စားနပ်ရိက္ခာ မလုံလောက်မှု အပါအဝင် လူသားချင်းစာ နာဆိုင်ရာ အခက်အခဲတွေကို ပိုမိုရင်ဆိုင်ရလိမ့်မယ်လို့ အစီရင်ခံစာက သတိပေးထားပါတယ်။

ကိုးကား – Anadolu
Ref; Myanmar military ‘intensified’ aerial bombing campaign since March: Conflict monitor