
ယင်းမာပင်တွင် စစ်ကောင်စီတပ်များနှင့် ဒေါင်းလုလင် PDFတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုရှိနိုင်(ရုပ်/သံ)
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၅ ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာတွင် စက်တင်ဘာလ ၁၄ ရက် နေ့လည် ၂နာရီ ဝန်းကျင်တွင် အထိုင်ချနေသောစစ်ကောင်စီတပ်များနှင့် ဒေါင်းလုလင်-LPDF အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဘန့်ဘွေးရွာ(ပျူစောထီးရွာ)တွင် အထိုင်ချနေသော စစ်ကောင်စီစခန်းအား မဟာမိတ်အဖွဲ့များနှင့်ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှထိခိုက်ကျဆုံးမှုများရှိသော်လည်း မြေပြင်အခြေနေများမရ တိကျစွာ သိရခြင်းမရှိကြောင်း သိရသည်။
“သူတို့က ကျွန်ေတာ်တို့မဟာမိတ်အဖွဲ့က ရဲဘော်တွေရဲ့တဲကို သတင်းရပီးလာပစ်တော့ ရဲဘော်တယောက်ကျသွားတာ၊ နှစ်ယောက်လဲဒဏ်ရာရသွားတယ်၊ အဲ့တာရဲဘော်ကိုပြန်ကောက်ဖို့က သူတို့စောင့်ကြည့်နေတော့ သူတို့အထိုင်ချတဲ့စခန်းကိုဝင်ပစ်တာ၊ သူတို့ဘက်ကထိခိုက်ကျဆုံးတာရှိတယ်၊ ဒါပေမဲ့
သူတို့အထိုင်စခန်းဆိုတော့ကျွန်တို့လည်းသေချာမသိရဘူးဖြစ်နေတာ” ဟု ဒေါင်းလုလင်-LPDFမှ ဗိုလ်ဂျိုးသိန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရုပ်သံ – ဒေါင်းလုလင်PDF
#Ayeyarwaddy_Times