ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၇ ရက်

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုဟာ နယူးယောက်မြို့တော်ဝန် ဇိုဟာရန်မမ်ဒါနီရဲ့ ဖမ်းဆီးမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေရှိနေပေမဲ့ ဒီဆောင်းဦးရာသီမှာ နယူးယောက်မြို့၌ ကျင်းပမယ့် ကုလ သမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့ စီစဉ်ထားတယ်လို့ ပြောကြားလိုက်ပါတယ်။

မမ်ဒါနီဟာ အပြည်ပြည်ဆိုင်ရာ စစ်ရာဇဝတ်မှုခုံရုံး (ICC) ရဲ့ ဖမ်းဝရမ်းနဲ့ နေတန်ယာဟုကို ဖမ်း ဆီးဖို့ နယူးယောက်မြို့မှာ တရားဝင် လုပ်ပိုင်ခွင့်တာကို ဝန်ခံခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အဲဒီခြိမ်း ခြောက်မှုကို ပြန်ရုပ်သိမ်းခဲ့တာပါ။

နေတန်ယာဟုက မြို့တော်ဝန်ရဲ့ ယခင်ကတိကဝတ်နဲ့ ပတ်သက်လို့ ဘာမှ စိုးရိမ်စရာမရှိဘူးလို့ တနင်္ဂနွေနေ့က Fox News သို့ ပြောကြားခဲ့ပြီး မြို့တော်ဝန်အနေနဲ့ အမုန်းတရားတွေကို လှုံ့ဆော်နေတာ လို့ စွပ်စွဲခဲ့ပါတယ်။

“သူဟာ ဂျူး၊ ခရစ်ယာန်၊ မွတ်စလင် အပါအဝင် နယူးယောက်မြို့နေ ပြည်သူအားလုံးရဲ့ မြို့တော် ဝန် ဖြစ်ရမှာပါ၊ ဒါပေမဲ့ သူက လူနည်းစုတစ်စုနဲ့ တစ်စုကြား ထိခိုက်အောင် လုပ်ဆောင်နေပါတယ်” လို့ ၎င်းက ပြောပါတယ်။

ကြာသပတေးနေ့က နယူးယောက်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဓားထိုးမှုဖြစ်စဉ်နှစ်ခုကို နေတန်ယာဟုက ရည်ညွှန်းခဲ့ပြီး အဆိုပါဖြစ်စဉ်မှာ သံသယရှိသူက ဂျူးအမျိုးသားတစ်ဦးနဲ့ အာရှနွယ်ဖွား အမျိုးသားတစ်ဦး ကို ဓားနဲ့ထိုးခဲ့တာဖြစ်ပြီး လက်ရှိမှာ ကျူးလွန်သူမှာ ရာဇဝတ်မှုနဲ့ တရားစွဲဆိုခံထားရပါတယ်။

ဂျူးနဲ့ အာရှနွယ်ဖွား အမေရိကန်ခေါင်းဆောင်တွေက အဆိုပါတိုက်ခိုက်မှုကို ရှုတ်ချခဲ့ကြပြီး နောက်ဆက်တွဲအနေနဲ့ နယူးယောက်ရှိ ဂျူးလူမျိုးတွေဟာ လက်ရှိမှာ ကြောက်ရွံ့နေရတယ်လို့ နေတန် ယာဟုက ဆိုပါတယ်။

ပါလက်စတိုင်းအခွင့်အရေးကို အခိုင်အမာ ထောက်ခံသူ မမ်ဒါနီဟာ ဂါဇာမှာ အစ္စရေးရဲ့ စစ်ရေး လှုပ်ရှားမှုတွေကို ဆန့်ကျင်ကြောင်း ပြီးခဲ့တဲ့နှစ်က အဓိကထား မဲဆွယ်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့သီတင်းပတ် မိန့် ခွန်းမှာလည်း နေတန်ယာဟုကို စစ်ရာဇဝတ်ကောင်လို့ ခေါ်ဆိုခဲ့တာပါ။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ရဲ့ ၂၀၂၄ ခုနှစ် ဖမ်းဝရမ်းကို အကောင်အထည်ဖော်မယ် လို့ မမ်ဒါနီက ကတိပြုခဲ့ပေမယ့် အစ္စရေးကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ဖမ်းဝရမ်းဟာ အခြေ အမြစ်မရှိဘူးလို့ ဆိုပါတယ်။

အစ္စရေးစစ်တပ်ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုအပြီးမှာ ဂါဇာဒေသသို့ ဝင်ရောက်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုကြောင့် လူပေါင်း ၁,၂၀၀ ခန့် သေဆုံးကာ ၂၅၁ ဦး ဓား စာခံအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။

ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုများကြောင့် ကလေးသူငယ် ၂၁,၀၀၀ ကျော် အပါအဝင် စုစုပေါင်း လူပေါင်း ၇၃,၀၀၀ ကျော် သေဆုံးခဲ့ရကြောင်း ဟားမတ်စ် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။

မမ်ဒါနီက ယင်းဝရမ်းကို အကောင်အထည်ဖော်ဖို့ သီးခြားတရားဝင် လုပ်ပိုင်ခွင့်မရှိတာကို တွေ့ရှိ ခဲ့ရပြီး နေတန်ယာဟုကို ဖမ်းဆီးဖို့ ဖက်ဒရယ်အစိုးရကို တိုက်တွန်းကာ နေတန်ယာဟုကို နယူးယောက် မြို့မှ ကြိုဆိုမည်မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ကိုးကား – BBC
Ref; Netanyahu accuses NYC Mayor Mamdani of ‘fomenting hate’ after arrest threat