ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၆ ရက်

 

အမေရိကန် ဒုံးကျည်လက်နက်သိုလှောင်မှု လျော့နည်းလာတာကြောင့် အီရန်အပေါ် စစ်ရေးအရှိန် မြှင့်တင်မယ့် အစီအစဉ်တွေကို သမ္မတ ဒေါ်နယ်ထရမ့်က ဆိုင်းငံ့လိုက်တယ်လို့ သိရပါတယ်။

 

ဒီဆုံးဖြတ်ချက်ဟာ အကြီးတန်းအကြံပေးများ၊ အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ သောကြာနေ့က ပြု လုပ်ခဲ့တဲ့ အစည်းအဝေးအပြီးမှာ ထွက်ပေါ်လာတာပါ။

 

စစ်ဆင်ရေးတွေ ထပ်မံလုပ်ဆောင်ပါက အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်ဖွဲ့တွေနဲ့ စခန်းတွေ ကို ကာကွယ်ဖို့ လိုအပ်တဲ့ Patriot ဒုံးကျည်စနစ်အပါအဝင် လက်နက်တွေ ကုန်ခမ်းသွားနိုင်တယ်လို့ စစ် ဘက်ဆိုင်ရာ တာဝန်ရှိသူတွေက သတိပေးခဲ့ပါတယ်။

စစ်ရေးအရှိန် မြှင့်တင်လိုက်ရင် အီရန်ရဲ့ ပိုမိုပြင်းထန်တဲ့ တုံ့ပြန်မှုတွေနဲ့ ကြုံတွေ့ရနိုင်သလို ပင် လယ်ကွေ့ မဟာမိတ်တွေနဲ့ ဆက်ဆံရေး ပျက်ပြားပြီး ကမ္ဘာ့စွမ်းအင်နဲ့ ဒုက္ခသည်ပြဿနာတွေကို ပိုမို ဆိုး ရွားသွားစေနိုင်တယ်လို့ အမေရိကန်အစိုးရက စိုးရိမ်နေတာပါ။

 

ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်းက စစ်ဆင်ရေးကြီးတွေကို ပြန်လည်စ တင်ဖို့ ဖြစ်နိုင်ပေမယ့် အရှေ့အလယ်ပိုင်း စစ်ဆင်ရေးတွေကို ကွပ်ကဲနေတဲ့ အမေရိကန် ဗဟိုစစ်ဌာနချုပ် လက်ဝယ်ရှိ ဒုံးကျည်သိုလှောင်မှုကို သိသိသာသာ လျော့နည်းစေလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

 

အိမ်ဖြူတော် ပြန်ကြားရေးဒါရိုက်တာ စတီဗင်ချောင်က ဒေါ်နယ်ထရမ့်အနေနဲ့ သံတမန်ရေးအရ ဖြေရှင်းမှုကို အစဉ်အမြဲ ဦးစားပေးခဲ့ပေမယ့် ဟော်မုဇ်ရေလက်ကြားမှာ သို့မဟုတ် မဟာမိတ်တွေအပေါ် အီရန်က အကြမ်း ဖက်မှုတွေ ဆက်လုပ်နေရင် အရေးယူနိုင်မယ့် ရွေးချယ်ခွင့်အားလုံးကို ဆက်လက် ထိန်း သိမ်းထားတယ်လို့ ပြောပါတယ်။

 

စစ်ပွဲ ပြန်လည်စတင်ခဲ့ပြီးနောက် လောင်စာဆီဈေးနှုန်းတွေ မြင့်တက်လာချိန်မှာ အီရန်နဲ့ပဋိပက္ခ ကို မည်သို့ဆက်လက် ကိုင်တွယ်ရမည်နဲ့ ဟော်မုဇ်ရေလက်ကြားကို မည်သို့ပြန်လည်ဖွင့်လှစ်ရမည်ဆို သည်ကို ဒေါ်နယ်ထရမ့်က အစဉ်တစိုက် သုံးသပ်လျက်ရှိပါတယ်။

 

သံတမန်ရေးအရ ဆွေးနွေးမှုတွေ ရပ်တန့်နေပြီး အမေရိကန်ရဲ့ မကြာသေးမီက တိုက်ခိုက်မှုတွေ လည်း အီရန်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဟန့်တားနိုင်ခဲ့ခြင်း မရှိကြောင်း သိရပါတယ်။

 

အမေရိကန် အကြီးတန်းတာဝန်ရှိသူအချို့က စစ်ရေးအရ အရှိန်မြှင့်လိုက်ခြင်းဖြင့် အီရန်အစိုးရကို ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ပြန်လည်ရောက်ရှိလာအောင် ဖိအားမပေးနိုင်ဘူးလို့ ယူဆနေကြပြီး တိုက်ခိုက်မှု တွေက အီရန်ခေါင်းဆောင်ပိုင်း ဝန်းရံမှုနဲ့ ပြည်တွင်းစည်းလုံးညီညွတ်မှုကိုသာ ပိုမိုအားကောင်းသွား စေနိုင် တယ်လို့ သုံးသပ်နေကြပါတယ်။

 

ကိုးကား – TRT World
Ref; Trump sets aside military escalation against Iran amid air defence shortages — report