မုံရွာမြို့နယ် နဂါးတွင်းရွာသို့ စစ်ကောင်စီမှ ဝင်ရောက်စီးနင်းကာ အိမ်ခြေ ၁၀လုံး ကျော်အားမီးရှိ့ဖျက်ဆီးသွား

အောင်မြသန်း/ ဧရာဝတီတိုင်းမ်

(မုံရွာ)၊ စက်တင်ဘာလ ၁၅ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နဂါးတွင်းကျေးရွာအား ယမန်နေ့ စက်တင်ဘာလ ၁၄ ရက်နေ့ကစတင်ကာ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်ပြီး ကျေးရွာအတွင်းစစ်ကြောင်းထိုးဝင်ရောက်စီးနင်းကာ ဒေသခံနေအိမ်အလုံး ၁၀ ကျော်အား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှသိရသည်။

ချင်းတွင်းမြစ်အရှေ့ဘက်ရှိ နဂါးနက်ရွာ၊ ရန်နိုင်ကျွန်းရွာ၊ ကျွန်းကြီးရွာတို့အား လက်နက်ကြီးများ​ဖြင့်ပစ်ခတ်ကာ စစ်ကောင်စီတပ်အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” နက်ကတွင်းရွာ ရန်နိုင်ကျွန်းရွာ ကျွန်းကြီးရွာတွေကို စစ်ကြောင်းထိုးလာတာလေ။ စစ်ကောင်စီအင်အား ၁၀၀ ကျော်လောက်ရှိတယ်။ အဝေးကနေလက်နက်ကြီးတွေနဲ့ ပစ်ခက်ပြီး အင်အားအလုံးအရင်းနဲ့ ဝင်လာတာ နက်ကတွင်းရွာမှာတော့ အိမ်ခြေ ၁၀ လုံးကျော်ကိုမီးရှို့သွားကြတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းကဲ့သို့ ဝင်ရောက်စီးနင်းမှုကြောင့် ဒေသခံပြည်သူများမှာ ဘေးလွတ်ရာ ဂျိုးစုကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်မှ အင်အားသုံးပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးကာ ရွာလုံးကျွတ်မီးရှို့မှုများ လုပ်ဆောင်နေပြီး ထွက်ပြေးနေသည့် သက်ကြီးရွယ်အိုများကိုပါ ဖမ်းဆီးစစ်ဆေးမှုများလုပ်ဆောင်နေသည့်အပြင် ဒေသခံများကိုလည်း လမ်းပြအဖြစ်ခေါ်ဆောင်သွားပြီး သတ်ဖြတ်မှုများလုပ်ဆောင်နေကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ

သိရသည်။

#လက်ပံတောင်းတောင်ဒေသ #နက်ကတွင်းရွာ #စစ်ကောင်စီ #စီးနင်း #မီးရှို့ဖျက်ဆီး

#Ayeyarwaddy_Times