
ယူကရိန်းသမ္မတ ဇီလန်စကီး ယာဉ်မတော်တဆမှုဖြစ်ပွားပေမယ့် ဒဏ်ရာကြီးကြီးမားမား မရရှိ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၅ ရက်
မနေ့က ကိယက်ဗ်မြို့တော်မှာဖြစ်ပွားတဲ့ ယာဉ်မတော်တဆမှုတစ်ခုမှာ ယူကရိန်းသမ္မတ ဇီလန်စကီး ဒဏ်ရာကြီးကြီးမားမား ရရှိခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။
ကားတစ်စင်းက သမ္မတ ဇီလန်စကီး စီးနင်းလာသောယာဉ်၊ အစောင့်အကြပ်ကားတွေနဲ့ မျက်နှာချင်းဆိုင် တိုက်မိခဲ့တာလို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
သမ္မတ ဇီလန်စကီးနဲ့အတူ လိုက်ပါလာတဲ့ ဆရာဝန်တွေ ယာဉ်မောင်းကို အရေးပေါ် ဆေးကုသမှုပေးကာ လူနာတင်ယာဉ်တစ်စင်းထံ လွှဲပြောင်းပေးလိုက်တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
ဆရာဝန်တစ်ဦးက သမ္မတ ဇီလန်စကီးကို စစ်ဆေးပေးခဲ့ပြီး ဆိုးရွားတဲ့ဒဏ်ရာကြီးကြီးမားမား မတွေ့ရ ဘူးလို့ ထုတ်ပြန်ချက်က ပြောပါတယ်။ အာဏာပိုင်တွေက ယာဉ်မတော်တဆမှု ဖြစ်ပွားရတဲ့အခြေအနေကို စုံစမ်း စစ်ဆေးနေပါတယ်။
ဇီလန်စကီးဟာ မနေ့ကအစောပိုင်းက ရုရှားတပ်ဖွဲ့တွေထံမှ ပြန်လည်သိမ်းပိုက်ထားတဲ့ ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း ခါကတ်ဒေသက လွတ်မြောက်နယ်မြေသစ် အက်ဇီယမ်ကို သွားရောက်ခဲ့ပါတယ်။
စစ်တပ်ရဲ့ ဖေ့စ်ဘုတ်ပေ့ချ်တစ်ခုက ဓာတ်ပုံတွေမှာ သမ္မတ ဇီလန်စကီးက အက်ဇီယမ်မြို့လယ်က အုပ် ချုပ်ရေးအဆောက်အအုံပေါ်မှာ ယူကရိန်းအလံ လွှင့်တင်တဲ့အခမ်းအနားတစ်ခုကို တက်ရောက်ခဲ့တာကို ဖော်ပြ နေပါတယ်။
ကိုးကား – CNN
Ref; Ukraine President Zelensky has ‘no serious injuries’ after car accident