
ရိက္ခာအတွက် PRA က တော်လှန်ရေးရဲဘော်တွေ လယ်စိုက်နေကြရပြီ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၅ ရက်
မကွေးတိုင်းက လယ်မလုပ်တော့တဲ့ တောင်သူတွေဆီက လယ်မြေငှါးပြီး “PRA တပ်မတော်” တော်လှန်ရေးရဲဘော်များမှ ရိက္ခာအတွက် ကိုယ်တိုင် စိုက်ပျိုးရေးပြုလုပ်နေရပါတယ်။
PRA ရဲ့ တာဝန်ရှိသူ ဗိုလ်ဂျပန်ကတော့” တပ်မတော် တခုလုံးစာတော့ မလုံလောက်ပေမဲ့ အနည်းငယ်တော့ ဆန်ဝယ်ရတာ သက်သာမယ်လို့ ထင်ပါတယ်” လို့ ပြောဆိုထားပါတယ်။
အလှူရှင်များအနေနဲ့လည်း တော်လှန်ရေးအတွက် ဝိုင်းဝန်းလှူဒါန်းပေးကြဖို့ တိုက်တွန်းပြောဆိုထားပါတယ်။
ဓာတ်ပုံ – ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA)
#Ayeyarwaddy_Times