
မင်းတပ်မြို့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ စစ်ရှောင်ပြည်သူများအား ၂၀ရာခိုင်နှုန်းလျှော့စျေးဖြင့် အခြေခံစားသောက်ကုန်များ သွားရောက်ရောင်းချပေး
ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ စက်တင်ဘာလ ၁၅ ရက်
ချင်းပြည််နယ်၊ မင်းတပ်မြို့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ စစ်ဘေးရှောင်ပြည်သူ အများစုမှီခိုနေထိုင်သည့် ကျေးလက်ဒေသများတွင် ၂၀ရာခိုင်နှုန်းလျှော့စျေးဖြင့် အခြေခံစားသောက်ကုန်များ သွားရောက်ရောင်းချပေးနေကြောင်း သတင်းရရှိသည်။
အဆိုပါရောင်းချမှုအစီအစဥ်ကို စက်တင်ဘာလ ၁၂ ရက်နေ့က စတင်ရောင်းချနေခြင်းဖြစ်ပြီး အခြေခံစားသောက်ကုန်များကို ပြင်ပပေါက်စျေးထက် ၂၀ရာခိုင်နှုန်းလျှော့စျေးဖြင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်း မင်းတပ်မြို့တက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌမှ သိရသည်။
“စစ်ဘေးရှောင်ပြည်သူများဆီကိုလည်း ရောင်းရတာဆိုတော့။ မင်းတပ်မြို့ရဲ့ စစ်ကောင်စီတွေ နေရာမယူတဲ့ ကျေးရွာတွေမှာ အဓိကကျွန်တော်တို့ ရောင်းဖြစ်တယ်။ကျွန်တော်တို့သွားရောင်းတဲ့ ကျေးရွာမှမိဘပြည်သူများက တကယ်ဝမ်းသာကြိုဆိုတယ်၊ ဆိုင်ခန်းဆိုလည်း အလကားငှားပေးတယ်။ ကျေးရွာပြည်သူ့အုပ်ချူပ်ရေးတို့ကလည်း ကြိုဆိုအားပေးတယ်။
ဆက်လက်ပြီး ကုန်စျေးနှုန်းလျှော့နိုင်သလောက် လျှော့ရောင်းပေးဖို့ကြိုးစားတယ်” ဟုမင်းတပ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မင်းတပ်မြို့နယ် ကျေးရွာပြည်သူများနှင့် ကျေးရွာသူကြီးများ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူများကလည်း ကြိုဆိုကြပြီး ဆိုင်ခန်းများကိုလည်း အခမဲ့ငှားရမ်းပေးခြင်းဖြင့် ကူညီပေးခဲ့ကြသည်ဟု ၎င်းကဆိုသည်။
မင်းတပ်မြို့နယ်ကျေးရွာများရှိ မိဘပြည်သူများနှင့် စစ်ဘေးရှောင်ပြည်သူများထံ စားသူံးကုန်ပစ္စည်းများ ပြင်ပထက်စျေးသက်သာဖြင့် ရောင်းချပေးရန် ပြီးခဲ့သည့် နှစ်လခန့်မှ စတင်စီစဥ်ရာမှ စက်တင်ဘာလ ၁၂ ရက် တနင်္လာနေ့မှ စတင်အကောင်ထည်ဖော်ခြင်းဖြစ်ပြီး ဆက်လက်တိုးချဲ့လုပ်ကိုင်ရောင်းချပေးနိုင်ရန် စီစဥ်နေကြောင်း
မင်းတပ်မြို့တက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌမှ သိရသည်။
#မင်းတပ် #တက္ကသိုလ်ကျောင်းသားများသမဂ္ဂ #စစ်ရှောင်ပြည်သူ #အခြေခံစားသောက်ကုန် #လျှော့စျေး #ရောင်းချပေး
#Ayeyarwaddy_Times