မြိုင်မြို့နယ် Well 2 ရေနံမြေရဲကင်းစခန်းမှ ကင်းပတ်ထွက်လာသည့် ရဲသား ၈ ဦး တိုက်ခိုက်ခံရ​ပြီး ၁ ဦးသေ ၁ ဦး ဒဏ်ရာရကာ ကျန် ၆ ဦး စခန်းအတွင်းပြန်ပြေးကြ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၅ ရက်

မကွေႈတိုင်ႈ၊ မြိုင်နယ် Well 2 ရေနံမြေရဲကင်းစခန်းမှ ကင်းပတ်ထွက်လာသည့် ရဲသား ၈ယောက်အား ပခုက္ကူခရိုင်တပ်ရင်း အမှတ် (၆) – MVRF နှင့် Engle Fighter (MVRF အဖွဲ့ဝင်) အဖွဲ့တို့မှ တိုက်ခိုက်ခဲ့ကြေင်း စက်တင်ဘာလ ၁၄ ရက်မှ MVRF ကသတင်းထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲတွင် ရဲတပ်သား ၁ ယောက် သေဆုံးပြီး ရဲတပ်သား ၁ ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ကာ ကျန်သည့် ရဲများသည် Well 2 စခန်းအတွင်း ပြန်လည်ထွက်ပြေးသွားကြကြောင်း MVRF ရဲဘော် ၁ ဦး ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း MVRF ၏ သတင်းထုတ်ပြန်ချက်မှ သိရပါသည်။

သေဆုံးသူ ရဲတပ်သားသည် ရှင်းခန့်သူဖြစ်ပြီး ၎င်းထံမှ G3 တစ်လက်၊ ကျည် ၁၁၅ တောင့်၊ ဘောက်အပို ၁ ခု ၊ ငွေသား ၁ သိန်းကျော်သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

#မြိုင် #Well2 #ရေနံမြေရဲကင်းစခန်း #ကင်းပတ် #ရဲ၈ဦး

#Ayeyarwaddy_Times