ပေါက်မြို့နယ်ရှိ စစ်ကောင်စီ မီးရှို့ခဲ့သောကျေးရွာ ၃ ခုကို မကွေးနည်းပညာတက္ကသိုလ်ကျောင်းသားများက ဆန်များသွား ရောက်လှူဒါန်း

ဧရာဝတီတိုင်းမ်

(မကွေး) ၊ စက်တင်ဘာလ ၁၅ ရက်

မ​ကွေးတိုင်း၊ ပေါက်မြို့နယ်(တောင်ပိုင်း)၌ အာဏာသိမ်း စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုကြောင့် စစ်ဘေး၊ မီး ဘေးသင့်ကျေးရွာ ၃ ရွာအားမကွေးနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ-MTUSU(မနတကသ)မှ စက်တင် ဘာလ ပထမပတ်အတွင်း တစ်ရွာတစ်ကျီကမ်ပိန်းပြု လုပ်ပြီး ဆန်များသွားရောက်လှူတန်းခဲ့ကြောင်း သိရသည်။

ပေါက်မြို့နယ်တောင်ပိုင်းတွင် နေရပ်စွန့်ခွာ စစ်ရှောင်ထွက်ပြေးနေရသူဒေသခံ ၁ သောင်းဝန်းကျင်ရှိရာ မကွေး နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ- MTUSU.(မနတကသ) ၊ TUMG Supporting Committee နှင့် Mission 21-Magway စသည့်‌ တော်လှန်ရေး ထောက်ပို့အင်အားစု (၃) ခုမှ ၎င်းတို့နှင့် နီးစပ်ရာပြည်သူလုထု၊ ပြည်ပရောက်

ဒေသခံများဆီမှလည်းကောင်း အလှူငွေများကောက်ခံကာတစ်ရွာတစ်ကျီကမ်ပိန်းကို ပြုလုပ်ခဲ့ကြောင်းသိရသည်။

#PhotoNews #ပေါက် #MTUSU #AyeyarwaddyTimes