ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၅ ရက်

မြန်မာ့ပြည်တွင်းစစ် ဖြေရှင်းရေးအတွက် အာဆီယံအထူးကိုယ်စားလှယ် ထရီဆာလာဇာရိုဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ စစ်အစိုးရရဲ့ NSPNC တို့နဲ့ ထိုင်းနိုင်ငံမှာ တွေ့ဆုံခဲ့ပြီး နှစ်ဖက်စလုံး က ဆွေးနွေးပွဲအပေါ် လမ်းဖွင့်ထားကြောင်း ဖိလစ်ပိုင်က ဇူလိုင် ၁၄ ရက်မှာ ပြောပါတယ်။

ဒီတွေ့ဆုံမှုဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံဝန်ကြီးတွေနဲ့ စစ်အစိုးရခန့် နိုင်ငံခြား ရေးဝန်ကြီးတို့ ပထမဆုံးအကြိမ် လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးခဲ့တဲ့ ဇူလိုင် ၁၃ ရက် အစည်းအဝေးရဲ့ အ ဆက်ဖြစ်ပါတယ်။

စစ်အစိုးရဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ရပ်ကို မလိုက်နာလို့ ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့် ပိတ်ထားရပေမယ့် အာဆီယံအဖွဲ့ဝင်အချို့က အခုတွေ့ဆုံမှုကနေ တိုးတက်မှုရလာမယ် လို့ မျှော်လင့်နေကြပါတယ်။

လေ့လာဆန်းစစ်သူအချို့က မင်းအောင်လှိုင် ဦးဆောင်တဲ့ အရပ်သားအစိုးရသစ်နဲ့ ပြန်လည်ထိ တွေ့တာဟာ အာဆီယံရဲ့ လွှမ်းမိုးနိုင်စွမ်းကို လျော့ပါးစေနိုင်တယ်လို့ ထောက်ပြကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ထရီဆာလာဇာရိုဟာ မြန်မာတော်လှန် ရေးအဖွဲ့တွေ၊ စစ်အစိုးရညှိနှိုင်းရေးအဖွဲ့နဲ့ တွေ့ဆုံကာ အားလုံးပါဝင်မယ့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက် ရေး ရှေ့ဆက်ရမယ့်လမ်းကို ဆွေးနွေးခဲ့ပါတယ်။

နှစ်ဖက်စလုံးက ဆွေးနွေးပွဲလုပ်ငန်းစဉ်အပေါ် လမ်းဖွင့်ထားပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေး မှုတွေလုပ်ဖို့ အရေးကြီးပုံကို အလေးထားခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဖြုတ်ချခံအစိုးရအဖွဲ့ဝင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၎င်းတို့ကို ဖိတ်ကြားခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့ပြီး အဆိုပါဆွေးနွေးပွဲအပေါ် စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အခုအစည်းအဝေးဟာ အာဆီယံရဲ့ 5PC ကို အ ကောင်အထည်ဖော်တာလား ဒါမှမဟုတ် စစ်အစိုးရ ရက် ၁၀၀ စီမံကိန်းနဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို အ ခြေခံတာလားဆိုတာ မေးခွန်းထုတ်စရာတွေ အများကြီးရှိနေတယ်လို့ ပြောပါတယ်။

ကိုးကား – Reuters
Ref; ASEAN envoy meets Myanmar opposition groups in Thailand