ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၅ ရက်
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်မှတစ်ဆင့် မြန်မာနိုင်ငံ ရေရှည်ငြိမ်းချမ်းရေးရရှိဖို့ ကူညီပေး မယ့် ကတိကဝတ်ကို အင်ဒိုနီးရှားနိုင်ငံက ထပ်လောင်းအတည်ပြုလိုက်ပြီး ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘောတွေ့ဆုံမှုမှာ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေလုပ်ဖို့ နဲ့ ဒေသတွင်း ဆက်လက်ထိတွေ့ဆက်ဆံသွားဖို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဆူဂျီယိုနိုက တိုက်တွန်း လိုက်ပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် မူဘောင်အတွင်းကနေ ပေါင်းကူးတံတားတစ်စင်းအဖြစ် ကူညီတည်ဆောက်ပေးဖို့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ အသင့်ရှိနေကြောင်း ၎င်းက ပြောပါတယ်။
မည်သည့်ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်မဆို မြန်မာကိုယ်တိုင် ပိုင်ဆိုင်ပြီး မြန်မာကိုယ်တိုင် ဦး ဆောင်တဲ့ လုပ်ငန်းစဉ်သာ ဖြစ်ရမှာဖြစ်ပြီး အဲဒီလိုဖြစ်လာစေဖို့ ပေါင်းကူးတံတားသဖွယ် ကူညီပေးဖို့ အင် ဒိုနီးရှားက အသင့်ရှိနေတယ်လို့ သူက ဆိုပါတယ်။
ယခုနှစ်အစောပိုင်းက မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပေမယ့် ဘုံသဘောတူ ညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ သိသာထင်ရှားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲလို့ ၎င်း က ဆက်ပြောပါတယ်။
ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သက်ဆိုင်သူအား လုံး ပါဝင်တဲ့ ဆွေးနွေးပွဲတစ်ခု မရှိမဖြစ် လိုအပ်နေဆဲလို့ ဆူဂျီယိုနိုက ထောက်ပြပါတယ်။
“သက်ဆိုင်သူအားလုံး ပါဝင်တဲ့ အမျိုးသားအဆင့် ဆွေးနွေးပွဲတစ်ခုဟာ ရေရှည်တည်တံ့တဲ့ ငြိမ်း ချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သော့ချက်ပဲဖြစ်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။
အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်မြောက်ရေးနဲ့ ဘေးကင်းလုံ ခြုံပြီး ဘက်လိုက်မှုမရှိတဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်နိုင်ရေးတို့အတွက် 5PC အစီအစဉ် ဟာ အာဆီယံရဲ့ အဓိကမူဘောင်အဖြစ် ဆက်လက်ရှိနေသင့်တယ်လို့ သူက ပြောပါတယ်။
ဆူဂျီယိုနိုက 5PC အကောင်အထည်ဖော်မှုအပေါ် ဓမ္မဓိဋ္ဌာန်ကျကျ အကဲဖြတ်ဖို့ တောင်းဆိုခဲ့သလို သံတမန်ရေးရာ ဆက်တိုက်လုပ်ဆောင်နိုင်စွမ်းကို ထိန်းသိမ်းထားနိုင်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ အာဆီ ယံအထူးသံတမန်ရဲ့ သက်တမ်းကို တိုးမြှင့်ပေးဖို့လည်း ထောက်ခံပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနိုင်ငံတစ်ဝန်း သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံမှုကို ဆက်လက် ထိန်းသိမ်းထားရင်း မြန်မာဦးဆောင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်လာဖို့အတွက် အစဉ်တစိုက် ထောက် ခံလာခဲ့တာ ဖြစ်ပါတယ်။
ကိုးကား – Antara News
Ref; Indonesia affirms readiness to assist Myanmar peace process via ASEAN