ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၄ ရက်
ဟော်မုဇ်ရေလက်ကြားအတွင်း ဖြတ်သန်းသွားလာနေတဲ့ အီရန်သင်္ဘောတွေကို ပိတ်ဆို့မှုတွေ ပြန်လည်လုပ်ဆောင်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။
အဆိုပါရေကြောင်းလမ်းကို ဖြတ်သန်းသွားမယ့် ကုန်စည်တွေအပေါ်မှာလည်း အမေရိကန်အနေနဲ့ ၂၀ ရာခိုင်နှုန်း အခွန်အခကောက်ခံသွားမယ်လို့ ၎င်းက ဆိုပါတယ်။
ဒေါ်နယ်ထရမ့်က ဒီကြေညာချက်ကို တနင်္လာနေ့မှာ လူမှုကွန်ရက်ကတစ်ဆင့် ရေးသားခဲ့တာဖြစ် ပြီး အမေရိကန်အနေနဲ့ အဆိုပါ ရေလက်ကြားရဲ့ စောင့်ရှောက်သူ ဖြစ်လာတော့မယ်လို့ ပြောပါတယ်။
ဒီပိတ်ဆို့မှုဟာ အီရန်နိုင်ငံထဲကို ဝင်ရောက်မယ့် သို့မဟုတ် အီရန်နိုင်ငံကနေ ထွက်ခွာမယ့် အီရန် သင်္ဘောတွေအပြင် ၎င်းတို့နဲ့ ကုန်သွယ်ဖက်နိုင်ငံတွေရဲ့ သင်္ဘောတွေအပေါ်မှာပါ သက်ရောက်မှုရှိမှာဖြစ် တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
အခြားကမ္ဘာ့နိုင်ငံတွေက သင်္ဘောတွေအနေနဲ့ကတော့ အဆိုပါ ရေလက်ကြားကို ပုံမှန်အတိုင်း အသုံးပြုနိုင်မှာဖြစ်ပေမယ့် ဘေးကင်းလုံခြုံစွာ ဖြတ်သန်းနိုင်ရေးနဲ့ လုံခြုံရေးစိတ်ချရဖို့အတွက် အခုလို အခွန်ကောက်ခံဖို့ လိုအပ်တာဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောပါတယ်။
အီရန်နိုင်ငံပိုင် မီဒီယာတွေက အီရန်ဗဟိုစစ်ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်တစ်ခုကို ဖော်ပြခဲ့ပြီး အဆို ပါ ရေလက်ကြား စီမံခန့်ခွဲမှုအပိုင်းမှာ အမေရိကန်ရဲ့ ဝင်ရောက်စွက်ဖက်မှုကို ခွင့်ပြုမှာမဟုတ်ကြောင်း တုံ့ ပြန်ထားပါတယ်။
ဒေသတွင်းနိုင်ငံတွေအနေနဲ့ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ဒါဟာ အီရန်နိုင်ငံအ ပေါ် စစ်ကြေညာခြင်းလို့ မှတ်ယူမယ်လို့ အီရန်က သတိပေးထားပါတယ်။
ကိုးကား – NHK
Ref; US to reinstate Iran blockade, charge fee in Strait of Hormuz