ပုလဲမှာ စစ်ကြောင်းထိုးမီးရှိူ့နေတဲ့စစ်ကောင်စီတပ်ကို သုံးရက်ကြာ တိုက်ခိုက်လို့ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများ

ကိုကိုလေး/ဧရာဝတီတိုင်းမ်

(ပုလဲ)၊ စက်တင်ဘာလ ၁၅ ရက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ၊ ရွှေလောင်းကျေးရွာအနောက်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင် စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား စက် တင်ဘာလ ၁၂ ရက်နေ့ကစလို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။

စက်တင်ဘာလ ၁၂ ရက်နေ့မှ ယမန်နေ့ညနေပိုင်းအထိ ရွှေလောင်းကျေးရွာအနောက်ဘက် ဒေသအခေါ် မြသီတာဘုရားနှင့် မွေ့တုံကျေးရွာဘက်ကို ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့

တာဖြစ်တယ်လို့ သိရပါတယ်။

” သုံးရက်ကြာ တိုက်ပွဲမှာ ကျွန်တော်တ်ို့လူတွေ အတော်လေးပင်ပန်းခဲ့ကြတယ်။ လက်နက်အင်အားကစ လိုအပ်မှုတွေတော့ရှ်ိတယ်။ စစ်ကောင်စီဘက်က သေဆုံးသူတွေနဲ့ ထိခိုက်မှုရှိတဲ့ သူတွေကိုတော့ ရွှေလောင်းရွာဖက်ကနေ တဆင့်ပြန်ပို့ပီးတချို့ လူနာ တွေကို မွေ့တုံရွာ ဘုန်းကြီးကျောင်းထဲမှာ ဆေးကုပေးခဲ့တယ်။ ညအိပ်သွားခဲ့ကြတယ် ဒီကောင်တွေဘက်က

ထိခိုက်သေဆုံးမှုတွေတော့ အတော်လေးများတယ်” လို့ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

စက်တင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းမှာလည်း ထန်းလုံးနင်းမိုင်းတွေနင်းမိလို့ အထိနာသွားတဲ့စစ်ကောင်စီတပ်က မွေ့တုံရွာဒေသခံနေအိမ်ကို မီးရှိူ့ ဖျက်ဆီးခဲ့လို့ နေအိမ် ၁၂၇ လုံးမီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့ပြင် စက်တင်ဘာ ၁၃ ရက်နေ့ ညနေ ၄ နာရီမှာ ပြည်သူတွေနေအိမ် မီးရှိုပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ၊ ဒေါင်းနက်နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့၊ M.P.Lအလယ်မြေပြောက်ကျားတပ်ဖွဲ့၊ မြိုင်မြို့နယ် Localတပ်ဖွဲ့များက ထပ်မံပိတ်ဆို့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အကျဆုံးများခဲ့တယ် လို့ PDF တပ်ဖွဲ့ဝင်တွေက

ဆက်လက်ပြောပါတယ်။

အဆိုပါ သုံးရက်ကြာ မွေ့တုံတိုက်ပွဲကို ပုလဲတပ်ရင်း ၁၊ ၂၊ ၄၊ ၅၊ ၆ နှင့် local PDF နှင့်၊ ဒေါင်းနက်နယ်စည်းမခြားပျောက်ကျားတပ်ဖွဲ့၊ ဗမာ့ဒေါင်းပြောက်ကျားတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကျားသစ်နက်တပ်ဖွဲ့

ထံက သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေရပ်နားနေပြီး စစ်ကောင်စီတပ်တွေဟာ ယမားချောင်းကိုကူးပြီး မြိုင်မြို့နယ်၊ ဘုန်းကြီးကန်ကျေးရွာ၊ ဆည်တောရွာအနီးမှာတပ်ဖြန့်ထားဆဲဖြစ်တယ် လို့ PDF တပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

#Ayeyarwaddy_Times