
ကျောက်ပန်းတောင်း ယာဥ်တိုက်မှု နှစ်ဖက်ယာဥ်မောင်းတွေအပါအဝင် သေဆုံးသူ ၁၃ ဦးရှိလာပြီး ၂၇ ဦး ဒဏ် ရာရ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၅ ရက်
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဇီးဖြူကုန်းရွာအနီး ယမန်နေ့ည ၉ နာရီဝန်းကျင်က ခရီးသည်တင်ယာဥ် ၂ စီး ခေါင်းခြင်းဆိုင်တိုက်မှုမှာ သေဆုံးသူ ၁၃ ဦးထိရှိလာတယ်လို့ ကျောက်ပန်းတောင်းအခြေစိုက်ကူညီကယ်ဆယ်ရေးအသင်းတွေဆီကသိရပါတယ်။
မိုးဗြဲကနေ ကျောက်ပန်းတောင်းကို လာတဲ့သန်မြန်သူခရီး သည်တင်ကားနဲ့ ငါ့သရောက်ကနေ ရန်ကုန်ကိုထွက်လာတဲ့ ပုဂံမင်းသား ခရီး သည်တင်ယာဥ်တို့ ဇီးဖြူကုန်းရွာအနီးမှာ ခေါင်းခြင်းဆိုင်တိုက်မိတာဖြစ်ပြီး ယာဥ် ၂ စီးလုံးရဲ့ ယာဥ်မောင်းတွေအပါ အဝင် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၃ ဦးသေဆုံးကာ ၂၇ ဦးဒဏ်ရာရရှိတယ်လို့ သိရပါတယ်။
” ကား ၂ စီးလုံးက ယာဥ်မောင်းတွေ၊ယာဥ်နောက် လိုက်တွေအကုန်သေတာပေါ့။ သေဆုံးတာက အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၃ ဦး။ ဒဏ်ရာရတာ ၂၇ ဦး” လို့ ယာဥ်တိုက်မှုမှာကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးသူပရဟိတအဖွဲ့ဝင်တဦးက ဧရာ ဝတီတိုင်းမ်ကိုပြောပါတယ်။
ကျောက်ပန်းတောင်းမြို့နယ်အတွင်းက ယာဥ်တိုက်မှုတွေထဲမှာ ယမန်နေ့ညကဖြစ်ပွားခဲ့တာ ယာဥ်တိုက်မှုဟာ လူ အသေအပျောက်အများဆုံးနဲ့ အဆိုးဝါးဆုံး ယာဥ်တိုက်မှုလို့ ဒေသခံတွေကပြောပါတယ်။
#AyeyarwaddyTimes