
အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်နဲ့ ပတ်သက်တဲ့ဟိုတယ်တွေမှာ ဒေါ်လာ ၂ ဒသမ ၅ သန်းကျော် သုံးစွဲခဲ့တယ်လို့ သြစတြေးလျအစိုးရ ဝန်ခံ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၅ ရက်
ပြီးခဲ့တဲ့နှစ် အာဏာသိမ်းမှုအတွင်း ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီးနောက် သြစတြေးလျအစိုးရက မြန်မာစစ်ကောင်စီနဲ့ပတ်သက်တဲ့ ဇိမ်ခံဟိုတယ်တွေမှာ အခွန်ထမ်းပြည်သူတွေရဲ့ငွေ ဒေါ်လာ ၂ ဒသမ ၅ သန်း ကျော် သုံးစွဲခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပြည်သူ ၂၂၇၃ ဦးကို သတ်ဖြတ်ကာ ၁၅၅၀၀ ကျော်ကို ဖမ်းဆီးခဲ့တဲ့ စစ် ကောင်စီရဲ့လုပ်ရပ်တွေကို သြစတြေးလျနိုင်ငံက ထပ်တလဲလဲ ရှုတ်ချခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့တစ်နှစ်ခွဲကျော်ကာလအတွင်း သြစတြေးလျအစိုးရက ဝန်ထမ်းတွေအတွက် ရန်ကုန် မြို့က ရှန်ဂရီလာနဲ့ လော်တေးဟိုတယ်တွေမှာ ဒေါ်လာ ၂ ဒသမ ၅ သန်းကျော် သုံးစွဲခဲ့တယ်လို့ အေဘီစီသတင်း ဌာန က ဖော်ပြခဲ့ပါတယ်။
သြစတြေးလျအစိုးရဟာ နေပြည်တော်က အမ်ဂယ်လာရီဟိုတယ်မှာလဲ ဝန်ထမ်းတွေ ကာလတိုတည်းခိုဖို့ ဒေါ်လာ ၁၆၂၀၀၀ သုံးစွဲခဲ့ပါတယ်။ စစ်တပ်ကို လက်နက်ထောက်ပံ့တာကြောင့် အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါနိုင် ငံတွေရဲ့ ဒဏ်ခတ်အရေးယူမှုခံနေရတဲ့ စစ်ထောက်ချုပ်ရုံးထံမှ ငှားရမ်းထားတဲ့မြေပေါ်မှာ လော်တေးဟိုတယ်ကို ဆောက်လုပ်ထားတာပါ။
“မြန်မာနိုင်ငံမှာ သြစတြေးလျအစိုးရရဲ့လုပ်ဆောင်ချက်တွေက မြန်မာစစ်တပ်အတွက် တိုက်ရိုက် ငွ ေကြေးပံ့ပိုးမှု မဖြစ်စေပါဘူး” လို့ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်က အထက်လွှတ်တော်အမတ် စတီးဂျွန်ရဲ့ မေး မြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
မြန်မာစစ်တပ်နဲ့ဆက်နွှယ်တဲ့လုပ်ငန်းတွေထံ ငွေကြေးထောက်ပံ့မှုမရအောင် ဦးစားပေးလုပ်ဆောင်သင့် ပြီး ဒေသတွင်း အကျပ်အတည်းဖြေရှင်းရာမှာ မိမိတို့လုပ်နိုင်တဲ့အရာဖြစ်တယ်လို့ စတီးဂျွန်က ပြောပါတယ်။
သြစတြေးလျအစိုးရဟာ အာဏာသိမ်းပြီးချိန်ကတည်းက မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်အရေးယူမှုတွေ မပြုလုပ်သေးပါဘူး။
“သြစတြေးလျနိုင်ငံက မြန်မာပြည်သူတွေအတွက် လုပ်ဆောင်ဖို့ပျက်ကွက်နေပါတယ်။ သြစတြေးလျနိုင် ငံက စစ်ရာဇဝတ်ကောင်တွေနဲ့ သူတို့ရဲ့လုပ်ငန်းတွေကို ဒဏ်ခတ်အရေးယူဖို့ ပျက်ကွက်ယုံသာမက မြန်မာစစ်တပ် နိုင်ငံတကာရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နိုင်အောင် ကူညီနေတဲ့ကုမ္ပဏီအတွက် အခွန်ထမ်းပြည်သူတွေရဲ့ ငွေကြေးတွေကိုတောင်
သုံးစွဲနေပါတယ်” လို့ Justice For Myanmar မှ မရတနာမောင်က ပြောပါတယ်။
ကိုးကား – ABC
Ref; Australian government reveals $2.5 million spend at Myanmar military-linked hotels in bloody aftermath of coup