ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၂ ရက်

 

စနေနေ့က ယူကရိန်းနိုင်ငံမှာ ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၇ ဦးထက်မနည်း သေဆုံးခဲ့ရ တယ်လို့ သိရပါတယ်။

 

ယူကရိန်းအာဏာပိုင်တွေရဲ့ ပြောကြားချက်အရ စနေနေ့က ရုရှားရဲ့ ဗုံးတစ်လုံးဟာ မြောက်ဘက် ပိုင်းက ဆူမီမြို့ကို ထိမှန်ခဲ့တာကြောင့် (၁၃) နှစ်အရွယ် မိန်းကလေးငယ် အပါအဝင် လူ ၅ ဦး သေဆုံး ခဲ့ပြီး တောင်ပိုင်း ဩဒီဆာဒေသမှာလည်း နောက်ထပ် လူ ၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

 

ရုရှားရဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကြောင့် မြို့တော်ကိယက်ဗ်မှာ လူ ၁၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့တော်ဝန် ဗီတာလီကလစ်ခ်ျကိုက ပြောပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးက ယူကရိန်းအနေနဲ့ တိုက်ခိုက်လာတဲ့ ပစ်မှတ်အများစုကို ပစ်ချ နိုင်ခဲ့ပေမယ့် ဒုံး ကျည်တွေကိုတော့ မပစ်ချနိုင်ခဲ့ဘူးလို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

 

ဇူလိုင်လအတွင်း တူရကီနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ နေတိုးထိပ်သီးအစည်းအဝေးမှာ သဘောတူညီခဲ့ကြတဲ့ ကူညီပံ့ပိုးမှုအစီအစဉ် ကတိကဝတ်တွေကို အကောင်အထည်ဖော်ပေးဖို့ ယူကရိန်းရဲ့ မဟာမိတ်နိုင်ငံ တွေကို ဇီလန်စကီးက တိုက်တွန်းထားပါတယ်။

 

ပင်လယ်နက်နဲ့ ရေလက်ကြားကျဉ်းတစ်ခုနဲ့ ဆက်နေတဲ့ အဇော့ဗ်ပင်လယ်အတွင်းရှိ ရုရှားဆီတင် သင်္ဘော ၂၁ စင်းကို ယူကရိန်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ သူက ဆိုပါတယ်။

 

အဆိုပါသင်္ဘောတွေကို ရေနံနဲ့ စက်သုံးဆီထုတ်ကုန်တွေ သယ်ယူပို့ဆောင်ဖို့ အသုံးပြုနေတာဖြစ် ပြီး လေ့လာစောင့်ကြည့်သူတွေကတော့ ယူကရိန်းအနေနဲ့ စစ်ပွဲကို ဆက်လက်ဆင်နွှဲနိုင်ဖို့ ရုရှားစစ်တပ်ရဲ့ ဘဏ္ဍာငွေစီးဆင်းမှုလမ်းကြောင်းကို ဖြတ်တောက်ဖို့ ကြိုးပမ်းနေတာလို့ သုံးသပ်ထားပါတယ်။

 

ကိုးကား – NHK
Ref; Russian attacks in Ukraine kill 7 people; Zelenskyy urges promised aid