ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ ရက်
တရုတ်နိုင်ငံမှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ လေပြင်းတိုက်ခတ်မှု တွေကြောင့် သေဆုံးသူအရေအတွက်ဟာ ၇၀ ကျော်သွားပြီဖြစ်ပါတယ်။
ယခုလအစောပိုင်းက တရုတ်နိုင်ငံတောင်ပိုင်းကို အပူပိုင်းမုန်တိုင်း “မေဆတ်” ဝင်ရောက်တိုက် ခတ်ခဲ့တာ ဖြစ်ပါတယ်။
တရုတ်သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ကွမ်ရှီးကျွန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လူ ၃၉ ဦး သေဆုံးပြီး ၉ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ အဲဒီဒေသမှာ ရေလှောင်တမံတစ်ခု ကျိုးပေါက်ခဲ့ တာကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တာပါ။
ဒေသတွင်းမီဒီယာတွေရဲ့ အဆိုအရ ရေကြီးမှုဒဏ်ခံခဲ့ရတဲ့ မြွေမွေးမြူရေးခြံတစ်ခုကနေ မြွေအ ကောင်ရေ ရာနဲ့ချီ လွတ်မြောက်သွားခဲ့ပြီး ဒေသခံတစ်ဦး မြွေကိုက်ခံရတာကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

တနင်္လာနေ့က ကုန်းတွင်းပိုင်းပြည်နယ်တစ်ခုဖြစ်တဲ့ ဟူပေမှာ လေဆင်နှာမောင်းတွေ တိုက်ခတ် ခဲ့လို့ လူ ၁၁ ဦး သေဆုံး တစ်ဦး ပျောက်ဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
အခြားကုန်းတွင်းပိုင်းပြည်နယ်တစ်ခုဖြစ်တဲ့ ဂန်စုမှာလည်း မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် လူ ၂၁ ဦး သေဆုံးခဲ့ရပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က အင်္ဂါနေ့မှာ ကယ်ဆယ်ရေး၊ ဘေးလွတ်ရာရွှေ့ပြောင်းရေးနဲ့ အခြား လုပ်ငန်းစဉ်တွေကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။
လာမယ့်တနင်္ဂနွေပိတ်ရက်အစောပိုင်းမှာ တိုင်ဖွန်းမုန်တိုင်း “ဘာဗီ”ဟာ တရုတ်နိုင်ငံအရှေ့ပိုင်းကို ချဉ်းကပ်လာနိုင်တယ်လို့ ခန့်မှန်းထားတာကြောင့်၊ မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့ လေပြင်းတိုက်ခတ်မယ့် အန္တရာယ်ကို သတိပြုကြဖို့ မိုးလေဝသအာဏာပိုင်တွေက ပြည်သူတွေကို သတိပေးထားပါတယ်။
ကိုးကား – NHK
Ref; China rain, wind disasters leave over 70 dead