ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ ရက်
နေတိုးအဖွဲ့က ယူကရိန်းကို စစ်ရေးအရ ကူညီပေးသွားမယ်လို့ ကြေညာခဲ့သလို အဖွဲ့ဝင်နိုင်ငံအ ချင်းချင်း စုပေါင်းကာကွယ်ရေး ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပြီးနောက် ဗုဒ္ဓဟူးနေ့က တူရကီ နိုင်ငံမှာ ကျင်းပခဲ့တဲ့ နေတိုးထိပ်သီးဆွေးနွေးပွဲ ဆုံးဖြတ်ချက်တွေဟာ ကမ္ဘာပျက်မတတ် ဆိုးရွားတဲ့ အ ကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ ရုရှားနိုင်ငံက ရှုတ်ချလိုက်ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက နေတိုးအဖွဲ့ရဲ့ ဦးစားပေး လုပ်ငန်းစဉ်တွေဟာ မပြောင်းလဲသေးဘဲ ဥရောပတိုက်ကို စစ်အင်အားတိုးချဲ့ဖို့၊ စစ်ရေးစွမ်းရည် တည် ဆောက်ဖို့၊ ရုရှားနဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားဖို့ ပြင်ဆင်နေကြသလို ယူကရိန်းကို စစ်ရေးအရ ကူညီ ပေးနေဆဲပဲဖြစ်တယ်လို့ ပြောပါတယ်။
“ဒါဟာ တကယ့်ကို စိတ်မကောင်းစရာပါပဲ။ နေတိုးရဲ့ ဗျူဟာမြောက် စီစဉ်သူတွေအနေနဲ့ စဉ်းစား ခဲ့ကြမယ်ဆိုရင် မဟာမိတ်အဖွဲ့အတွက်သာမက တစ်ကမ္ဘာလုံးအတွက်ပါ ကပ်ဘေးဆိုက်စေမယ့် အခုလို တာဝန်မဲ့တဲ့ ဆုံးဖြတ်ချက်မျိုးတွေကို ချမှတ်ခဲ့ကြမှာ မဟုတ်ပါဘူး” လို့ သူက ဆက်ပြောပါတယ်။
အဆိုပါ ထိပ်သီးအစည်းအဝေးမှာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ ယူကရိန်းနိုင်ငံအတွက် ၂၀၂၆ ခုနှစ် အတွင်း စစ်ရေးအကူအညီ ယူရို ၇၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၀ ဘီလီယံခန့်) ပေးအပ်သွားဖို့ ကတိ ပြုခဲ့ကြပါတယ်။
နေတိုးအဖွဲ့ရဲ့ အပိုဒ် (၅) အရ စုပေါင်းကာကွယ်ရေးအတွက် ခိုင်မာတဲ့ကတိကဝတ်ကို အတည်ပြု ခဲ့ကြသလို ဒေါ်လာ ၅၀ ဘီလီယံထက်မနည်း တန်ဖိုးရှိတဲ့ လက်နက်ဝယ်ယူရေး သဘောတူညီချက်တွေကို အတည်ပြုခဲ့ပါတယ်။
အမေရိကန်နဲ့ နေတိုးမဟာမိတ်အဖွဲ့ဝင်တွေကြားက အက်ကြောင်းတွေဟာ ဖြေရှင်းနိုင်ခြင်းမရှိဘဲ ဒီအခြေအနေတွေကြောင့် အမေရိကန်တွေအနေနဲ့ နေတိုးအဖွဲ့အပေါ် စိတ်ပျက်နေတာကို ဖုံးကွယ်မထား တော့ဘူးလို့ ဇာခါရိုဗာက ဆိုပါတယ်။
ဂရင်းလန်ကျွန်းကိစ္စဟာ အမေရိကန်တို့ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာသလို အမေရိကန်က အကူအညီလိုအပ်နေတဲ့အချိန်မှာ နေတိုးအဖွဲ့ဝင်တွေက ဝန်းရံပံ့ပိုးပေးမှု မရှိခဲ့တဲ့အပေါ် ဝါရှင်တန်က မ ကျေမနပ်ဖြစ်နေတယ်လို့လည်း ၎င်းက ပြောပါတယ်။
နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရုတေးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အခြားနေတိုးခေါင်းဆောင်တွေကြား အငြင်းပွားမှုတွေဟာ မဟာမိတ်အဖွဲ့ရဲ့ ဒီမိုကရေစီနည်းကျ အား ကောင်းမှုကို ပြသနေတာဖြစ်ပြီး ဒါဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်အတွက် သင်ခန်းစာတစ်ခု ဖြစ်သင့် တယ်လို့ ပြောပါတယ်။
ကိုးကား – Reuters
Ref; Russia denounces NATO summit decisions on aid for Ukraine, defence