ဧရာဝတီတိုင်းမ်
ဇူလိုင် ၉ ရက်
အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့ဟာ ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တွေမှာ အမျိုးသားအဆင့် အစည်းအ ဝေးတစ်ရပ် ကျင်းပခဲ့ပြီး နှစ်နိုင်ငံနယ်စပ်တစ်လျှောက် လုံခြုံရေးအခြေအနေတွေကို ပြန်လည်သုံးသပ်ကာ မြန်မာပိုင်နက်ကို အိန္ဒိယရဲ့ လုံခြုံရေးအကျိုးစီးပွားကို ထိခိုက်မယ့်ကိစ္စရပ်တွေမှာ အသုံးပြုခွင့်ပေးမှာ မ ဟုတ်ကြောင်း စစ်အုပ်စုကိုယ်စားလှယ်က ကတိပြုခဲ့ပါတယ်။
(၂၃) ကြိမ်မြောက် အမျိုးသားအဆင့် အစည်းအဝေးမှာ အိန္ဒိယကိုယ်စားလှယ်အဖွဲ့ကို ပြည်ထဲရေးအတွင်းဝန် ဂိုဗင်မိုဟန်က ဦးဆောင်ခဲ့ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ကို စစ်အုပ်စုခန့် ပြည်ထဲ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ဦးဆောင်ခဲ့တာပါ။
နှစ်နိုင်ငံ ကိုယ်စားလှယ်တွေဟာ အပြန်အလှန် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးခဲ့ ကြသလို နှစ်နိုင်ငံ ဆွေးနွေးပွဲယန္တရားအောက်က တိုးတက်မှုအခြေအနေတွေကိုလည်း ပြန်လည်သုံးသပ်ခဲ့ ပါတယ်။
အကြမ်းဖက်မှု၊ သူပုန်ထမှု၊ မူးယစ်ဆေးဝါးမှောင်ခိုမှု၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှု၊ တောရိုင်း တိရစ္ဆာန်မှောင်ခိုမှု၊ ဆိုက်ဘာပြစ်မှုနဲ့ အခြားသော ရာဇဝတ်မှုများအပါအဝင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု တွေကို ပူးပေါင်းနှိမ်နင်းရေးကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးခဲ့ပါတယ်။
လုံခြုံရေးစိန်ခေါ်မှုတွေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ထောက်လှမ်းရေးသတင်းအချက် အလက် မျှဝေခြင်း၊ လုပ်ငန်းဆောင်ရွက်မှုများ ညှိနှိုင်းဆောင်ရွက်ခြင်းနဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်တွေကို တိုးမြှင့်လုပ်ဆောင်သွားဖို့ သဘောတူခဲ့ကြပါတယ်။
နှစ်နိုင်ငံနယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ အရေးကြီး ကြောင်း၊ မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်နယ်မြေကို အခြားတစ်နိုင်ငံရဲ့ လုံခြုံရေးအကျိုးစီးပွားကို ထိ ခိုက်စေမယ့် လုပ်ငန်းစဉ်တွေမှာ အလွဲသုံးစားမလုပ်မိစေရေး ကာကွယ်ဖို့ လိုအပ်ကြောင်း နှစ်ဦးနှစ်ဖက် သ ဘောတူညီခဲ့ပါတယ်။
အိန္ဒိယရဲ့ အိမ်နီးချင်းပထမဝါဒ၊ အရှေ့မျှော်ဝါဒနဲ့ ဒေသတွင်း လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ မဟာဗျူဟာမူဝါဒတွေမှာ မြန်မာနိုင်ငံဟာ အရေးပါတဲ့နေရာမှာ ရှိနေတယ်ဆိုတာကို မိုဟန်က အ လေးထားပါတယ်။
နှစ်နိုင်ငံအကြား ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းနဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး အမြန်ဆုံးပြီးစီးရေးအတွက် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားဖို့ အရေး ကြီးကြောင်း နှစ်ဖက်စလုံးက အသိအမှတ်ပြုတယ်။
ကိုးကား – Times of India
Ref; No territory use against India, Myanmar assures Delhi at border security talks