ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ ရက်
မြန်မာ့နွေဦးတော်လှန်ရေးအတွင်းရှိ လူထုအခြေပြုစည်းရုံးလှုံ့ဆော်သူများကို အမေရိကန်အခြေစိုက် အမျိုးသားဒီမိုကရေစီရန်ပုံငွေအဖွဲ့( NED) က ပေးအပ်သော ဒီမိုကရေစီဆု ၂၀၂၆ ကို ကိုနန်းလင်းက ကိုယ်စားတက်ယူမည်ဖြစ်ကြောင်းသိရသည်။
အမျိုးသားဒီမိုကရေစီရန်ပုံငွေအဖွဲ့ (NED) က ဒီမိုကရေစီဆုပေးပွဲကို လာမည့် စက်တင်ဘာလအတွင်း ဂျော့ချ်ဝါရှင်တန်၏ မောင့်ဗာမွန်၌ ကျင်းပမည်ဖြစ်ပြီး ကိုနန်းလင်းက တက်ရောက်မည်ဖြစ်ကြောင်း NED က ကြေညာသည်။
အဆိုပါ ဒီမိုကရေစီဆုကို မြန်မာနှင့်အတူ ရုရှား၊ ကျူးဘား၊ ဆီးရီးယား၊ အီသီယိုပီးယားနိုင်ငံတို့ရှိ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို ဂုဏ်ပြုဆိုချီးမြှင့်ကြောင်း ယင်းအဖွဲ့က ကြေညာလိုက်သည်။
National Endowment for Democracy (NED) ကနေ ပေးအပ်ချီးမြှင့်သော ၂၀၂၆ ခုနှစ် ဒီမိုကရေစီဆု (2026 Democracy Award) ကို နွေဦးတော်လှန်ရေးကြီးတွင် ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေကြသည့် ရဲဘော်အပေါင်းတို့ကိုယ်စား လက်ခံရရှိခွင့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိကြောင်း ကိုနန်းလင်း ဆိုသည်။

“လွတ်လပ်ခွင့်၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတို့ကို မျှော်ရည်တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတစ်ရပ်လုံးနဲ့တကွ ရဲဘော်ရဲဘက်အားလုံးရဲ့ ကိုယ်စား ဒီဆုကို ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် လက်ခံရယူပါတယ် ။ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်အတွက် ရဲဝံ့ပြတ်သားစွာ တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူလူထု တစ်ရပ်လုံးကို အားပေးဂုဏ်ပြုခြင်း ဖြစ်ပါတယ် ” ဟု ၎င်းက ဆက်လက် ဆိုသည်။
မြန်မာနိုင်ငံမှ နွေဦးတော်လှန်ရေးအတွင်း အရပ်ဘက်ပူးပေါင်းပါဝင်မှုနှင့် လူထုကြံ့ကြံ့ခံနိုင်ရည်ရှိရန် မြေပြင်မှာလူထုစည်းရုံးလှုံ့ဆော်၊ ဦးဆောင်နေကြသူများဖြစ်သည့် လူထုအခြေပြုတော်လှန်ရေး အင်အားစုတွေအားလုံးကိုစုပေါင်းဂုဏ်ပြုကြောင်းပါဝင်သည်။
အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေပထမပြင်ဆင်ချက်ပါ အခြေခံလွတ်လပ်ခွင့်များ ( ကိုးကွယ်ယုံကြည်မှု၊ လွတ်လပ်စွာပြောဆိုခွင့်၊ သတင်းစာလွတ်လပ်ခွင့်၊ လွတ်လပ်စွာစုဝေးခွင့်နှင့် အသနားခံတင်ပြပိုင်ခွင့်) တို့ကို ကာကွယ်စောင့်ရှောက်နေသူများကို ဆုရှင်များအဖြစ်ရွေးချယ်ခြင်းဖြစ်ကြာင်း NED ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
NED သည် အမေရိကန်သမ္မတဟောင်းရေဂင်၏ ပျိုးထောင်ပေးချက်အရ ၁၉၈၃ ခုနှစ်တွင်စတင်တည်ထောင်ကာ လွတ်လပ်မှုနှင့် ဒီမိုကရေစီထွန်းကားပြန့်ပွားရေးအတွက် ရည်ညွှန်းလုပ်ဆောင်နေသော အကျိုးအမြတ်မယူသော ပုဂ္ဂလိဂဖောင်းဒေးရှင်းဖြစ်သည်။
လူ့အဖွဲ့အစည်းအတွင်း ဒီမိုကရေစီအခွင့်အရေးနှင့်် လွတ်လပ်ခွင့်များတိုးတက်လာစေရန်သတ္တိရှိရှိ ဦးဆောင်ကြိုးပမ်းနေကြသူများထဲမှ မြန်မာ့နွေဦးတော်လှန်ရေးတွင်းရှိ လူထုအခြေပြု စည်းရုံးလှုံ့ဆော်သူများ အမေရိကန်အခြေစိုက် အမျိုးသားဒီမိုကရေစီရန်ပုံငွေအဖွဲ့ ( NED) ကပေးအပ်သော ၂၀၂၆ ခုနှစ် ဒီမိုကရေစီဆု ( 2026 Democracy Awards ) ပေးအပ်ကြောင်း ဇွန်က ထုတ်ပြန်သည်။
ဓာတ်ပုံ – NED ၊ လူမှုကွန်ရက်