ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ ရက်
ပါကစ္စတန်နိုင်ငံပိုင် Boeing 737 ကုန်တင်လေယာဉ်တစ်စင်းဟာ အင်္ဂါနေ့ညပိုင်းက ရှာဂျာမြို့မှ ကရာချိမြို့ကို ပျံသန်းစဉ် လမ်းခရီးမှာ လမ်းညွှန်မှုစနစ် ချို့ယွင်းမှုဖြစ်ပွားပြီးနောက် လေကြောင်းထိန်း သိမ်းရေးစနစ်နဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တယ်လို့ ပါကစ္စတန် လေကြောင်းအာဏာပိုင်တွေ က ပြောပါတယ်။
အဆိုပါယာဉ်ဟာ သက်တမ်း ၂၇ နှစ်ရှိပြီဖြစ်ပြီး K2 Airways က စီမံခန့်ခွဲနေတာဖြစ်ကာ ကရာချိ မြို့ အနောက်တောင်ဘက် ပင်လယ်ပြင်အတွင်းသို့ ပျက်ကျသွားနိုင်ခြေရှိကြောင်း Flightradar24 ရဲ့ အ စောပိုင်း ပျံသန်းမှုဆိုင်ရာ အချက်အလက်တွေအရ သိရပါတယ်။
ပျောက်ဆုံးနေတဲ့ လေယာဉ်ကို ရှာဖွေဖို့အတွက် အစိုးရက ရေကြောင်းရှာဖွေရေးနှင့် ကယ်ဆယ် ရေးအဖွဲ့ကို ဖွဲ့စည်းကာ ရှာဖွေမှုတွေ ဆောင်ရွက်နေပြီဖြစ်ကြောင်း ပါကစ္စတန် လေဆိပ်အာဏာပိုင်အဖွဲ့ က ဖော်ပြထားပါတယ်။
ကုန်တင်လေယာဉ်ဟာ ပါကစ္စတန် စံတော်ချိန် ည ၉ နာရီ ၁၈ မိနစ်မှာ လမ်းညွှန်မှုစနစ် ချို့ယွင်း နေကြောင်း အကြောင်းကြားခဲ့ပြီး ၃ မိနစ်အကြာမှာ ရေဒါစနစ်ကနေ ပျောက်ကွယ်သွားခဲ့ကာ အဆက်အ သွယ် ပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။
အဆိုပါလေယာဉ်ဟာ ပါကစ္စတန်နိုင်ငံ ဘာလိုချစ္စတန်ပြည်နယ် အိုမာရာမြို့အနီး အာရေဗျပင် လယ်ပြင်အထက်မှာ ပျံသန်းနေစဉ် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်တယ်လို့ ဒေသတွင်းသတင်းဌာနတစ်ခုဖြစ် တဲ့ Geo News က ဖော်ပြထားပါတယ်။
Flightradar24 ရဲ့ အချက်အလက်တွေအရ လေယာဉ်ဟာ အလွန်ဆိုးရွားတဲ့ အခြေအနေနဲ့ ကြုံ တွေ့ခဲ့ရပြီး ပေ ၃၆,၅၅၀ အမြင့်ကနေ အရှိန်အဟုန်ပြင်းပြင်းနဲ့ ထိုးဆင်းသွားခဲ့တာလို့ ဖော်ပြထားပါတယ်။
ပျောက်ဆုံးသွားတဲ့ လေယာဉ်ဟာ ဆယ်စုနှစ်ချီ သက်တမ်းရှိပြီဖြစ်တဲ့ ဘိုးအင်း 737 အမျိုးအစား ဖြစ်သော်လည်း မကြာသေးမီက ဘေးကင်းလုံခြုံရေးပြဿနာ ကြုံတွေ့ခဲ့ရတဲ့ 737 MAX ဗားရှင်းထက် မျိုး ဆက်နှစ်ခု ပိုမိုဟောင်းနွမ်းတဲ့ အမျိုးအစား ဖြစ်ပါတယ်။
အဆိုပါ 737-400 အမျိုးအစားလေယာဉ်ကို ၁၉၉၉ ခုနှစ်မှာ ရုရှားနိုင်ငံ Aeroflot လေကြောင်း လိုင်းသို့ ခရီးသည်တင်လေယာဉ်အဖြစ် ပထမဆုံး ပေးပို့ခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ကုန်တင်လေယာဉ်အ ဖြစ် ပြောင်းလဲခဲ့တာလို့ Flightradar24 အရ သိရပါတယ်။
ကိုးကား – Reuters
Ref; Pakistan-registered cargo plane missing off Karachi coast after navigation problem