ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ ရက်
ဂျပန်၊ အမေရိကန်နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတွေဟာ တူရကီနိုင်ငံမှာ တွေ့ဆုံဆွေး နွေးခဲ့ပြီး တရုတ်ရဲ့ မကြာသေးမီက ဒုံးကျည်ပစ်ခတ်မှုအပေါ် စိုးရိမ်ကြောင်းနဲ့ ဒေသတွင်းစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ညီညွတ်မှုကို ပိုမိုခိုင်မာအောင်လုပ်ဆောင်ဖို့ သဘောတူခဲ့ပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတေဂီတိုရှီမစ်ဆု၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဟွန်တို့ဟာ အင်္ဂါနေ့က တွေ့ဆုံခဲ့ကြတာပါ။
ဆွေးနွေးပွဲမှာ တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှု တိုးမြှင့်လာတဲ့အကြောင်းလည်း ပါဝင်ခဲ့ပြီး တရုတ်ရေ တပ်ဟာ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောကနေ ထိပ်ဖူးတပ်ဆင်ထားတဲ့ မဟာဗျူဟာမြောက် ဒုံး ကျည်တစ်စင်း ပစ်ခတ်ခဲ့တယ်လို့ တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။
လုံခြုံရေးဝန်းကျင်က ပိုမိုတင်းမာလာတာကြောင့် ၎င်းတို့သုံးနိုင်ငံအနေနဲ့ ညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်မှုကို ဆက်လက်ပြသသွားဖို့ လိုအပ်တယ်ဆိုတာကို ဝန်ကြီးသုံးဦးစလုံးက သဘောတူခဲ့ကြပါ တယ်။
ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဟာ အရေးကြီးကြောင်း ထပ်လောင်းအတည် ပြုခဲ့သလို မြောက်ကိုရီးယားနိုင်ငံ နျူကလီးယား လုံးဝဖျက်သိမ်းရေးအတွက် အတူတကွ ပူးပေါင်းဆောင် ရွက်ဖို့ ဆွေးနွေးခဲ့ပါတယ်။
မိုတေဂီက တရုတ်ရဲ့ ဒုံးကျည်ပစ်ခတ်မှုဟာ ဂျပန်နဲ့ ဒေသတွင်းလုံခြုံရေးအတွက် စိုးရိမ်စရာဖြစ် တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ အင်ဒို-ပစိဖိတ်ဒေသ အခြေအနေတွေနဲ့ ပတ်သက်ပြီး မဟာမိတ်တွေ၊ သဘော ထားချင်းတိုက်ဆိုင်တဲ့ နိုင်ငံတွေနဲ့ အနီးကပ် ဆက်သွယ်ဆောင်ရွက်မယ်လို့ ၎င်းက ဆိုပါတယ်။
ကိုးကား – NHK
Ref; Japan, US, South Korea share concerns over China’s missile launch