ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ ရက်
ဟော်မုဇ်ရေလက်ကြားမှာ ကုန်သွယ်ရေးသင်္ဘောသုံးစင်း တိုက်ခိုက်ခံရမှုကို တုံ့ပြန်တဲ့အနေနဲ့ အ မေရိကန်က အီရန်နိုင်ငံအပေါ် ပြင်းထန်တဲ့တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။
နိုင်ငံတကာရေလမ်းကြောင်းမှာ အပြစ်မဲ့ပြည်သူတွေ လိုက်ပါလာတဲ့ ကုန်သွယ်ရေးသင်္ဘောတွေ ကို အီရန်က တိုက်ခိုက်ခဲ့တဲ့အတွက် ကြီးလေးတဲ့ တန်ဖိုးပေးဆပ်ရစေဖို့ ရည်ရွယ်ပြီး အင်္ဂါနေ့မှာ စစ်ဆင် ရေးကို စတင်ခဲ့တာလို့ အမေရိကန် ဗဟိုစစ်ဌာနချုပ် (Centcom) က ပြောပါတယ်။
အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက အမေရိကန်ရဲ့ အခုလိုတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့လက လက် မှတ်ရေးထိုးထားတဲ့ အမေရိကန်-အီရန် နားလည်မှုစာချွန်လွှာကို ချိုးဖောက်တာဖြစ်ပြီး တီဟီရန်အနေနဲ့ ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်လို့ သတိပေးလိုက်ပါတယ်။
အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေဟာ ကက်ရှ်ကျွန်း၊ ဘန်ဒါအာဘတ်စ်နဲ့ ဆီရစ်ခ်မြို့တွေကို ထိမှန်ခဲ့ ပြီး ဗုံးဆန်မှန်တာကြောင့် လူအချို့ ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူတော့ မရှိသေးဘူးလို့ အီရန်နိုင်ငံပိုင်မီဒီ ယာတွေမှာ ဖော်ပြထားပါတယ်။
ဆီတင်သင်္ဘောတွေအပေါ် တိုက်ခိုက်ခဲ့တဲ့ အီရန်ရဲ့လုပ်ရပ်ဟာ လုံးဝလက်ခံနိုင်စရာမရှိဘူးလို့ အ မေရိကန်က ပြောဆိုခဲ့ပြီး နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိလာလိမ့်မယ်လို့ သတိပေးခဲ့တာပါ။
အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေဟာ အီရန်ရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တာဖြစ်ပြီး အီရန်ရဲ့ ရန်လို မှုတွေဟာ အကြောင်းမဲ့ဖြစ်ပြီး အလွန်အန္တရာယ်များတဲ့အပြင် အပစ်အခတ်ရပ်စဲရေးကို အထင်အရှား ချိုး ဖောက်တာလို့ Centcom က ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေ မတိုင်မီ အင်္ဂါနေ့အစောပိုင်းက အီရန်အပေါ် ချမှတ်ထားတဲ့ ရေနံပိတ်ဆို့အရေး ယူမှုတွေကို ယာယီဆိုင်းငံ့ပေးထားတဲ့ ကင်းလွတ်ခွင့်ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြန်ရုပ် သိမ်းခဲ့ပါတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အမေရိကန်ရဲ့ အဲဒီလုပ်ရပ်ဟာ နားလည်မှုစာချွန်လွှာကို ဖောက်ဖျက်တာဖြစ်ပြီး အမေရိကန်အစိုးရရဲ့ မရိုးသားမှု၊ မတည်ငြိမ်မှုနဲ့ ယုံကြည်စိတ်ချရမှုမရှိခြင်းကို သက်သေပြနေတာလို့ ဆိုပါတယ်။
အီရန်အနေနဲ့ မိမိရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့အတွက် လိုအပ် တယ်လို့ယူဆတဲ့ ဘယ်လိုအရေးယူဆောင်ရွက်မှုကိုမဆို လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
ကိုးကား – BBC
Ref; US launches strikes on Iran after tankers hit in Strait of Hormuz