ပြည်တွင်းဈေးကွက်မှာ ရွှေဘိုပေါ်ဆန်းဆန်တစ်အိတ်လျှင် ကျပ် ၁ သိန်းအထိ မြင့်တက်နေ (၁ မိနစ် စီးပွားရေးသတင်း)

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၅ ရက်

ပြည်တွင်းဈေးကွက်ထဲမှာ ဆန်ချော၊ ဆန်ကြမ်းများ အမျိုးအစားအလိုက် ဈေးတက်နေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းက ကျပ် ၉၃၀၀၀ ဖြင့် ရောင်းချနေတဲ့ ​ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်ဟာ လက်လီဈေးကွက်မှာ တစ်အိတ်ကို ကျပ်တစ်သိန်းအထိ မြင့်တက်လာနေတာဖြစ်ပါတယ်။

သြဂုတ်နောက်ဆုံးပတ်ထိ ဆန်အမျိုးအစားအလိုက် ဈေးနှုန်းတွေက ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ကျပ် ၇၈၀၀၀ မှ ၉၀၀၀၀၊ မြောင်းမြ/ပုသိမ်ပေါ်ဆန်းတစ်အိတ် ကျပ် ၅၉၀၀၀ မှ ၆၅၀၀၀၊ ဖျာပုံပေါ်ဆန်းတစ်အိတ် ကျပ် ၅၆၀၀၀ ကနေ ၆၀၀၀၀၊ ငစိန်တစ်အိတ် ကျပ် ၃၄၀၀၀ ကနေ ၃၅၅၀၀၊ ရက်-၉၀ တစ်အိတ် ကျပ် ၄၂၀၀၀ ကနေ ၄၄၀၀၀၊ ဧည့်မထတစ်အိတ်ကို ကျပ်

၃၆၅၀၀ ကနေ ၃၈၀၀၀၊ မြီးဒုံးတစ်အိတ်ကို ကျပ် ၄၈၅၀၀ ကနေ ၅၀၀၀၀ ဈေးအသီးသီးရရှိခဲ့တယ်လို့ ပြည်တွင်းဆန်ဈေးကွက်တွင်းကနေ သိရပါတယ်။

ရွှေဘိုပေါ်ဆန်းတစ်အိတ်ဟာ ၂၀၁၅ ခုနှစ်မှာ ကျပ် ၄၇၀၀၀၊ ၂၀၁၆ ခုနှစ်မှာ ကျပ် ၄၃၀၀၀ စတဲ့ နှုန်းတွေရှိခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကထုတ်ပြန်တဲ့ စါရင်းတွေအရသိရပါတယ်။ စစ်အာဏာသိမ်းပြီး ၁၈ လတာနီးပါးအကြာ ၂၀၂၂ ခုနှစ် ဇူလိုင်မှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ကျပ် ၈၀၀၀၀ အထိ ဈေးတက်လာခဲ့တာဖြစ်ပါတယ်။

#တစ်မိနစ်စီးပွားရေးသတင်း

#Ayeyarwaddy_Times