ထိုင်ဝမ်သို့ ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံတန်ကြေးရှိ စစ်လက်နက်တွေရောင်းချဖို့ ကန်အထက်လွှတ်တော် အတည်ပြု

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၅ ရက်

အမေရိကန် အထက်လွှတ်တော်ကော်မတီတစ်ရပ်က ထိုင်ဝမ်သို့ ဒေါ်လာ ဘီလီယံချီတန်ကြေးရှိ စစ်ရေး အကူအညီ ထောက်ပံ့နိုင်မယ့် ပထမအဆင့်ခြေလှမ်းကို လုပ်ဆောင်လိုက်ပြီး တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေ မြင့် တက်လာပြီးနောက် ပံ့ပိုးကူညီမှုတွေ တိုးမြှင့်လိုက်ပါတယ်။

အမေရိကန်နိုင်ငံဟာ ထိုင်ဝမ်သို့ စစ်လက်နက်တွေ ဆယ်စုနှစ်ချီ ရောင်းချခဲ့ပြီး အထက်လွှတ်တော် နိုင်ငံ ခြားဆက်ဆံရေးကော်မတီက စက်တင်ဘာလ ၁၄ ရက်မှာ အတည်ပြုလိုက်တဲ့ လုံခြုံရေးအကူအညီအရ လေးနှစ် အတွင်း ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံတန်ကြေးရှိ စစ်လက်နက်တွေ ရောင်းချမှာဖြစ်ပါတယ်။

အဆိုပါကော်မတီက နှစ်နိုင်ငံကြားဆက်ဆံရေး တိုးမြှင့်ဖို့ရည်ရွယ်ကာ Taiwan Policy Act ကိုလည်း အ တည်ပြုလိုက်တယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံက တရုတ်နဲ့ စစ်ပွဲ သို့မဟုတ် တင်းမာမှုမဖြစ်စေလိုပေမယ့် ထို်ငဝမ်အပေါ် ထောက်ခံမှု ကို ရှင်းရှင်းလင်းလင်း ပြသဖို့လိုအပ်တယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ဒီမိုကရက်တစ်ပါတီဝင် အထက်လွှတ်တော်အ မတ် ဘော့မီနန်ဒက်ဇ်က ပြောပါတယ်။

ဒါ့အပြင် ထိုင်ဝမ်က အမေရိကန်နိုင်ငံလုပ် စစ်လက်နက်တွေဝယ်ယူဖို့ Taiwan Policy Act အရ ချေးငွေ ဒေါ်လာနှစ်ဘီလီယံ ထောက်ပံ့မှာလည်းဖြစ်ပါတယ်။

အချိန်မနှောင်းမီ ထိုင်ဝမ်ရဲ့ ကိုယ့်ကိုကိုယ်ကာကွယ်နိုင်စွမ်းကို မြှင့်တင်နိုင်ဖို့ ယခုလို ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံတန်ကြေးရှိ စစ်လက်နက်တွေ ရောင်းချဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ အထက်လွှတ်တော်အမတ် ဂျင်ရစ် ချ်က ပြောပါတယ်။

ကိုးကား – TRT World

Ref; US Senate panel okays $4.5B military aid to Taiwan amid China tensions