ဧရာဝတီတိုင်းမ်
ဇူလိုင် ၆ ရက်
ထိုင်ဝမ်စစ်တပ်ဟာ တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေကြောင့် စစ်တက္ကသိုလ်ဆင်းတွေအတွက် ၂၅ နှစ်ကြာ ရပ်နားထားခဲ့တဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးသင်တန်းတွေကို ပြန်လည်စတင်လိုက်ပြီလို့ ဇူလိုင် ၅ ရက်က ထုတ်ပြန်ပါတယ်။
စစ်အေးတိုက်ပွဲကာလအတွင်း ထိုင်ဝမ်ကို မိမိပိုင်နက်အဖြစ် သတ်မှတ်ထားတဲ့ တရုတ် ကွန်မြူနစ် လူဆိုးတွေရဲ့ အန္တရာယ်ကို သတိပေးတဲ့ လှုပ်ရှားမှုတွေ ထိုင်ဝမ်မှာ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ဖူးပါတယ်။
တရားဝင် ကွန်မြူနစ်ဆန့်ကျင်ရေး မျိုးချစ်ပညာပေးသင်တန်းတွေကို ၂၀၀၂ ခုနှစ်မှာ ရပ်ဆိုင်းခဲ့ပြီး မျိုးချစ်ပညာပေးသင်တန်းလို့ အမည်ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဘက်က စစ်ရေးအရ ခြိမ်းခြောက်မှုနဲ့ သူလျှိုစိမ့်ဝင်မှု အန္တရာယ်တွေ ပိုမိုမြင့်တက်လာ တာကြောင့် ဒီသင်တန်းတွေကို စစ်တက္ကသိုလ်ဆင်းတွေအတွက် ပြန်အသက်သွင်းရတာလို့ ထိုင်ဝမ်ကာ ကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
စစ်သည်တွေအနေနဲ့ အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုတွေကို ရှင်းရှင်းလင်းလင်း နားလည်ဖို့နဲ့ ငါတို့ ဘာအတွက်၊ ဘယ်သူ့အတွက် စစ်တိုက်နေတာလဲဆိုတဲ့ စစ်ရေးရည်မှန်းချက်ကို သိရှိဖို့ လိုအပ်ပါ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို သူ့ထိန်းချုပ်မှုအောက် သွတ်သွင်းဖို့အတွက် စစ်အင်အားသုံးမယ့်အ ရေးကို ဘယ်တုန်းကမှ စွန့်လွှတ်ခဲ့ခြင်း မရှိပါဘူး။
အဆိုပါသင်တန်းတွေမှာ တရုတ်နိုင်ငံဆိုင်ရာ မူဝါဒရေးရာကောင်စီ၊ အမျိုးသားလုံခြုံရေးကောင်စီ၊ တရားရေးဝန်ကြီးဌာနနဲ့ အစိုးရရဲ့ ထိပ်တန်းသုတေသနအဖွဲ့တွေက တာဝန်ရှိသူတွေ လာရောက်ပို့ချမယ် လို့ ထိုင်ဝမ်က ဆိုပါတယ်။
“ဒါဟာ စစ်တက္ကသိုလ်ဆင်းတွေအနေနဲ့ ဘယ်သူက မိတ်ဆွေ၊ ဘယ်သူက ရန်သူ ဆိုတာကို ပြတ် ပြတ်သားသား ခွဲခြားသိမြင်စေဖို့ ရည်ရွယ်တာဖြစ်ပါတယ်” ထိုင်ဝမ်က ပြောပါတယ်။
လက်ရှိမှာ တရုတ်စစ်တပ်ဟာ ထိုင်ဝမ်ကျွန်းပတ်ပတ်လည်မှာ နေ့စဉ်ရက်ဆက်နီးပါး စစ်ရေးလှုပ် ရှားမှုတွေ ပြုလုပ်နေတာပါ။
ပြီးခဲ့တဲ့ သောကြာနေ့အထိ ထိုင်ဝမ်ကျွန်းအနီး တရုတ်စစ်သင်္ဘောနဲ့ ကမ်းခြေစောင့်သင်္ဘော အ စင်း ၁၁၀ ကျော် စံချိန်တင် လှုပ်ရှားနေတာကို တွေ့ရှိရတယ်လို့ ထိုင်ဝမ်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ် ဂျိုးဇက်ဝူက ပြောပါတယ်။
“ဂျပန်ကနေ ထိုင်ဝမ်၊ ဖိလစ်ပိုင်နဲ့ ဘော်နီယိုအထိ သွယ်တန်းနေတဲ့ ကျွန်းစုတန်းတစ်လျှောက် တ ရုတ်ရဲ့ အခုလို အကြီးအကျယ် စစ်ရေးလှုပ်ရှားမှုဟာ နယ်ချဲ့ချဲ့ထွင်လိုတဲ့ သဘောကို အထင်အရှား ပြသ နေတာပဲ” လို့လည်း ၎င်းက ဆိုပါတယ်။
စနေနေ့က တရုတ်ကမ်းခြေစောင့်တပ်ဟာ ထိုင်ဝမ်အရှေ့ဘက်ကမ်းလွန်မှာ ကင်းလှည့်တာကို ထိုင်ဝမ်က အပြင်းအထန် တုံ့ပြန်ခဲ့ပြီး အဆိုပါရေပြင်မှာ တရုတ်အစိုးရအနေနဲ့ စီရင်ပိုင်ခွင့်မရှိကြောင်းနဲ့ တရုတ်ရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှု ပြောကြားချက်ကို ပယ်ချလိုက်ပါတယ်။
ကိုးကား – Reuters
Ref; Taiwan military resumes ‘anti-communist’ classes for graduates, citing Chinese threat