ဧရာဝတီတိုင်းမ်
ဇူလိုင် ၄ ရက်

 

နယူးယောက်မြို့ရှိ မက်ဒီဆင်စကွဲယားဂါးဒင်းတွင် ယမန်နေ့က ကမ္ဘာ့ကျော်ပေါ့အဆိုတော် တေလာဆွစ်ဖ်နှင့် အမေရိကန်ဘောလုံးသမား ထရဲဗစ်ကဲလ်ဆီတို့၏ မင်္ဂလာပွဲကျင်းပပြီး လက်ထက်ပြီးစီးကြောင်း JUS T&T MARRIED ဟု စာတန်းထိုးကာ ကြော်ငြာဆိုင်းဘုတ်များတွင် ကြေညာလိုက်သည်။

 

အဆိုပါမင်္ဂလာပွဲကို အားကစားနှင့် ဖျော်ဖြေရေးလောကမှ ကြယ်ပွင့်များစွာတက်ရောက်ခဲ့ကြရာ မင်္ဂလာပွဲမတိုင်မီအထိ အလွန်လျှို့ဝှက်ထားသော်လည်း မင်္ဂလာပွဲပြီးဆုံးသွားချိန်တွင် မဟတ္တန်အလယ်ပိုင်းရှိ အားကစားကွင်းအပြင်ဘက် ဆိုင်းဘုတ်ကြီးတွင် “JUST&T MARRIED” ဟု စာတန်းထိုးကာ ကြေညာခဲ့ခြင်းဖြစ်သည်။

ဆွစ်ဖ်၏မောင်ငယ် အော်စတင်ဆွစ်ဖ်၊ ကဲလ်ဆီ၏အစ်ကိုကြီးဖြစ်သူ ပေါ့ဒ်ကတ်စ်တွဲဖက်တင်ဆက်သူ ဂျေဆန်ကဲလ်ဆီ က သတို့သားအရန်အဖြစ် ဆောင်ရွက်ခဲ့ကြောင်း ဆွစ်ဖ်၏ ပြန်ကြားရေးတာဝန်ခံ ထရီပိန်း (Tree Paine) က အီးမေးလ်မှတစ်ဆင့် ပြောကြားခဲ့သည်။

 

သတို့သားနှင့် သတို့သမီးတို့၏ ဝတ်စုံများကို Christian Dior Haute Couture မှ ဒီဇိုင်နာ ဂျိုနသန်အန်ဒါဆန်တို့က ဖန်တီးပေးကာ ဖိနပ်များကိုမူ Christian Louboutin က အထူးပြုလုပ်ပေးပြီး သတို့သမီးသည် Cartier ရတနာများကို ဆင်မြန်းကြောင်း AP သတင်းတွင်ဖော်ပြထားသည်။

 

မင်္ဂလာပွဲတစ်ခုလုံးကို အလွန်လျှို့ဝှက်ထားသော်လည်း အမှတ်တရအဖြစ်ပါဝင်ချင်ကြသူများဖြင့် စည်ကားကြောင်း၊ အားကစားနှင့် တေးဂီတလောက၏ ရေပန်းအစားဆုံး ပေါင်းစည်းမှုဖြစ်၍ အနုပညာနှင့် ဖျော်ဖြေရေးလောကမှ နာမည်ကြီးများတက်ရောက်ကြောင်းသိရသည်။

ကျော်ကြားသူများ၏ ချစ်ခရီးလမ်းကို စိတ်ဝင်တစားစောင့်ကြည့်လေ့ရှိသော လူ့အဖွဲ့အစည်းတွင် ဤပွဲသည် ကမ္ဘာ့အထူးခြားဆုံး ဆယ်လီမင်္ဂလာပွဲဖြစ်နိုင်ပြီး တော်ဝင်မင်္ဂလာပွဲများသာ ယခုထက် ပိုမိုအာရုံစိုက်ခံရနိုင်သည်။

 

ဆွစ်ဖ် ဆယ်ကျော်သက်အရွယ်ကတည်းက သူမ၏သီချင်းများတွင် မင်္ဂလာပွဲများအကြောင်း အမြဲပါဝင်ခဲ့ပြီး ယခု အသက် ၃၆ နှစ်အရွယ်တွင် ပထမဆုံးအကြိမ် မင်္ဂလာလျှောက်လမ်းပေါ် တက်လှမ်းခြင်းက စိတ်လှုပ်ရှားမှုကို ပိုမိုမြင့်တက်စေခဲ့သည်။

 

အလားတူပင် ဆူပါဘိုး (Super Bowl) ချန်ပီယံ သုံးကြိမ်ရရှိထားသည့် အသက် ၃၆ နှစ်အရွယ် ကဲလ်ဆီအတွက်လည်း ပထမဆုံးမင်္ဂလာပွဲဖြစ်ပြီး သူသည်လည်း ဆွစ်ဖ်၏ အစောပိုင်းပေါပ်သီချင်းများထဲမှ အားကစားသမား ဇာတ်ကောင်တစ်ဦးကဲ့သို့ပင်ဖြစ်သည်။

 

ဆွစ်ဖ်နှင့် ကဲလ်ဆီတို့၏ ဆက်ဆံရေးသည် ၂၀၂၃ ခုနှစ်တွင် ချိဖ်စ်အသင်း၏ ကွင်း၌ ကျင်းပသော Eras Tour ဖျော်ဖြေပွဲသို့ ကဲလ်ဆီ လာရောက်ကြည့်ရှုခဲ့ပြီးနောက်စတင်တွဲခုတ်ခဲ့ကြရာမှ ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသော ပရိသတ်များ (အထူးသဖြင့် ဆွစ်ဖ်၏ ကြီးမားလှသော အမာခံပရိသတ်များ) ကို စိတ်လှုပ်ရှားစေခဲ့ခြင်းဖြစ်သည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်
ကိုးကား – AP
Ref : Taylor Swift and Travis Kelce marry in front of famous friends at Madison Square Garden