ဧရာဝတီတိုင်းမ်
ဇူလိုင် ၄ ရက်

ရုရှားတပ်ဖွဲ့ဝင်တွေဟာ ယူကရိန်းအရှေ့ပိုင်းက အဓိကစစ်စခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့တယ်ဆို တဲ့ အစီရင်ခံစာကို လက်ခံရရှိပြီးနောက် ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းနိုင်ငံမှာ စစ်ဆင်ရေး တွေ ဆက်လက်လုပ်ဆောင်သွားမယ့် သူ့ရဲ့ အစီအစဉ်ကို ထပ်လောင်းအတည်ပြုလိုက်ပါတယ်။

ပူတင်ဟာ ရုရှားစစ်တပ်ရဲ့ စစ်ဦးစီးချုပ် ဗာလာရီဂီရာစီမော့ဗ် အပါအဝင် အခြားစစ်ဘက်အရာရှိ တွေနဲ့ စစ်ဌာနချုပ်တစ်ခုမှာ တွေ့ဆုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့တယ်လို့ ရုရှားသမ္မတရုံးက သောကြာနေ့ မှာ ပြောကြားခဲ့ပါတယ်။

ယူကရိန်းအရှေ့ပိုင်း လူဟန့်စ်ဒေသကို လွတ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပြီလို့ ပူတင်က ပြော ဆိုခဲ့ပြီး ဒီနှစ်အစပိုင်းကတည်းက ရုရှားတပ်ဖွဲ့ဝင်တွေဟာ ဒွန်ဘတ်စ်ဒေသနဲ့ အခြားနေရာတွေမှာ စတု ရန်းကီလိုမီတာ ၃,၀၀၀ ကျော်ရှိတဲ့ နယ်မြေတွေကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။

ဂီရာစီမော့ဗ်က ရုရှားတပ်ဖွဲ့ဝင်တွေဟာ ဒိုးနက်စ်ဒေသက ယူကရိန်းရဲ့ အဓိကခံစစ်စခန်းတွေထဲ က တစ်ခုဖြစ်တဲ့ ကိုစတန်တင်နော့ဗ်ကာမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပူတင်ကို တင်ပြခဲ့ပါတယ်။

ပူတင်ကလည်း အခုလို သိမ်းပိုက်နိုင်မှုဟာ တစ်ဒေသလုံးကို လွတ်မြောက်အောင် လုပ်ဆောင်ဖို့အ တွက် သေချာပေါက် သော့ချက်တစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အခြား စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိတစ်ဦးကတော့ ယူကရိန်းရဲ့ မောင်းသူမဲ့လေယာဉ်တွေ ရုရှားပိုင်နက် နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်လာမှုကို တားဆီးနိုင်မယ့် ကိစ္စရပ်ကိုတော့ ရုရှားတပ် ဖွဲ့တွေအနေနဲ့ အပြည့်အဝ မဖြေရှင်းနိုင်သေးဘူးလို့ ပူတင်ကို တင်ပြခဲ့ပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးကလည်း ရေရှည်မှာ ရုရှားရဲ့ စွမ်းဆောင်ရည်တွေကို ကျော်လွန်သွား နိုင်မယ့် အဆင့်မြင့်လက်နက် အမြောက်အမြားကို ထုတ်လုပ်နိုင်တဲ့ စွမ်းဆောင်ရည်အထိ ရောက်ရှိနေပြီ လို့ လူမှုကွန်ရက်စာမျက်နှာပေါ်ကတစ်ဆင့် ရေးသားခဲ့ပါတယ်။

ရုရှားရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်ဖို့အတွက် ဒုံးကျည်ထုတ်လုပ်မှုကို တိုးမြှင့်သွားမယ့် ယူကရိန်း ရဲ့ မူဝါဒကိုလည်း သူက ထပ်လောင်း အလေးအနက် ပြောပါတယ်။

ကိုးကား – NHK
Ref; Putin stresses continuation of military operations in Ukraine