ဧရာဝတီတိုင်းမ်
ဇူလိုင် ၄ ရက်

 

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ဆက်စပ်နေသော အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းအရှိန်နှင့်အတူ မုတ်သုံလေအားအလွန်ကောင်းနေသောကြောင့် တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးကြီးနိုင်ကြောင်း သိရသည်။

 

ဇူလိုင် ၄ မှ ၁၂ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္ဿာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလထုတ်ပြန်ချက်တွင် ပါဝင်သည်။

အဆိုပါဒေသများတွင် မိုးရွာသွန်းချိန်၌ မိုးရေချိန် သုံးလက်မမှ ငါး လက်မကျော်အထိ ရွာသွန်းနိုင်ကြောင်း သိရသည်။

 

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးသည်ထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြေင်းတိုက်ခတ်ခြင်း၊ မြေပြိုမှုအန္တရာယ်၊ ရေကြီးရေလျှံမှုကို ကြိုတင်သတိပြုရန်လိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေးပြင်းများကျရောက်ပြီးလှိုင်းကြီးမည်ဖြစ်၍ ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုင်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ကိုးပေမှ ၁၁ ပေခန့်ရှိနိုင်ကြောင်း သိရသည်။

 

ဓာတ်ပုံ – မိုး/ ဇလ