ဧရာဝတီတိုင်းမ်
ဇူလိုင် ၄ ရက်

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ အမေရိ ကန်နိုင်ငံမှာ မကြာခင်ကာလအတွင်း တွေ့ဆုံဖို့ သဘောတူညီခဲ့ကြတယ်လို့ အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်လိုက်ပါတယ်။

သောကြာနေ့က ထုတ်ပြန်တဲ့ အဆိုပါ ထုတ်ပြန်ချက်ထဲမှာ စနေနေ့မှာ ကျရောက်မယ့် အမေရိ ကန်နိုင်ငံရဲ့ နှစ်ပေါင်း ၂၅၀ ပြည့် လွတ်လပ်ရေးနေ့မတိုင်မီ နေတန်ယာဟုက ဒေါ်နယ်ထရမ့်ကို ကြိုတင် ဂုဏ်ပြုစကား ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နေတန်ယာဟုက အမေရိကန်ဟာ ကမ္ဘာ့လွတ်လပ်ခွင့်ကို အာမခံပေးထားတဲ့နိုင်ငံဖြစ်ပြီး အစ္စရေး အနေနဲ့ နှစ်နိုင်ငံကြားက ရင်းနှီးတဲ့ ဆက်ဆံရေးကို အလွန်တန်ဖိုးထားတယ်လို့ ဒေါ်နယ်ထရမ့်ကို ပြော ကြားခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ခေါင်းဆောင်နှစ်ဦးဟာ မကြာခင်အချိန်အတွင်း အမေရိကန်မှာ တွေ့ဆုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ဖို့ သဘောတူခဲ့ကြပေမယ့် အတိအကျရက်စွဲကိုတော့ အခုထိ သတ်မှတ်ရခြင်း မရှိသေးဘူးလို့ အစ္စရေးအမျိုး သား ရုပ်သံလွှင့်ဌာန Kan က ဖော်ပြခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲကို အိမ်ဖြူတော်မှာ ပြုလုပ်ဖို့ မျှော်လင့်ထားပြီး အဲဒီအချိန်ဝန်းကျင်မှာပဲ လက်ဘနွန် သမ္မတ ဂျိုးဇက်အာအွန်ကလည်း ဝါရှင်တန်ဒီစီကို လာရောက်လည်ပတ်ဖို့ ရှိနေတယ်လို့ Kan သတင်းဌာန က ဆိုပါတယ်။

ဂျိူးဇက်အာအွန်က နေတန်ယာဟုနဲ့ တိုက်ရိုက်ဖုန်းဆက်သွယ်ဖို့ ငြင်းဆန်ထားတယ်ဆိုတဲ့ ယခင် သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့်လည်း ဒေါ်နယ်ထရမ့်ကတော့ နေတန်ယာဟုနဲ့ အာအွန်တို့ကို တွေ့ဆုံ ပေးနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ သတင်းက ဖော်ပြပါတယ်။

အခုလို တွေ့ဆုံဖို့ ပြင်ဆင်နေတာဟာ ပြီးခဲ့တဲ့လက အမေရိကန်နဲ့ အီရန်တို့ကြား ရရှိခဲ့တဲ့ ငြိမ်း ချမ်းရေး မူဘောင်သဘောတူညီချက်ကြောင့် ဝါရှင်တန်နဲ့အစ္စရေးကြား တင်းမာမှုတွေ ဖြစ်ပေါ်နေပြီး အဆို ပါ သဘောတူညီချက်အပေါ် အစ္စရေးအစိုးရဘက်က မသက်မသာ ဖြစ်နေရတဲ့ အချိန်မှာ ပေါ်ထွက်လာ တာပါ။

ဒေါ်နယ်ထရမ့်ဟာ လက်ဘနွန်အရေးနဲ့ ပတ်သက်ပြီး နေတန်ယာဟုရဲ့ ရပ်တည်ချက်အပေါ် ယ ခင်က ဝေဖန်ခဲ့ဖူးသလို မီဒီယာတွေကလည်း ခေါင်းဆောင်နှစ်ဦးကြား ဆက်ဆံရေးမှာ တင်းမာမှုတွေ ပိုမို ကြီးထွားလာနေတယ်လို့ ထောက်ပြထားကြပါတယ်။

ကိုးကား – TRT World
Ref; Netanyahu, Trump agree to meet in US amid difference over Iran dea