စက်တင်ဘာလ ၁၄ ရက်နေ့ နိုင်ငံတဝှမ်း ဖြစ်ပွားခဲ့သောသတင်းများ
(Ayeyarwaddy Times News SMS)
– ပြည်တွင်းမှာ ကိုဗစ်ကူးစက်မှု ပဉ္စမလှိုင်း ဖြစ်ပွားနေ
– မိုးဗြဲတိုက်ပွဲ ၅ ရက်တာအတွင်း စစ်ကောင်စီ၏ တပ်မ ၆၆ က တပ်သား ၆၀ ခန့် သေဆုံး
– ထားဝယ်တွင် စစ်ကောင်စီတပ်မှ ဒေသခံ ၁၃၀ ဝန်းကျင်ကို တစ်ပတ်ကြာ ဖမ်းဆီးနှိပ်စက်ပြီး ပြန်လွှတ်
– ဗြိတိန် အဲလိဇဘတ်ဘုရင်မကြီးရဲ့ စျာပနအခမ်းအနား ရုရှားနဲ့မြန်မာကို မဖိတ်ကြား
– သရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့် မော်ဒယ် နန်းမွေစံတို့ကို ရုံးထုတ်စစ်ဆေး
– မသန်းစွမ်းတွေ စစ်ဘေးရှောင်ရတာ သာမာန်လူတွေထက် ခက်ခဲနေ
– မြန်မာ့စစ်သမိုင်းတစ်လျှောက်မှာ စစ်ကောင်စီရဲ့ ထောင်တွင်းအကြမ်းဖက်မှု အဆိုးဆုံးဖြစ်
– ရန်ကုန်မြို့က သပိတ်လှုပ်ရှားမှုရဲဘော် ၁၅ ဦးထက်မနည်း ဖမ်းဆီးခံရ
– ရှမ်းတောင် အခြေပြု PDF တပ်ရင်း ၅ ရင်း စုပေါင်း တိုက်ခိုက်မှု စတင်
– အိန္ဒိယ-မြန်မာနယ်စပ်မှာ မြန်မာနိုင်ငံသားတစ်ဦး ဘိန်းဖြူတွေနဲ့အတူ ဖမ်းမိ