NaypyiTaw Freedom Education (NFE) ကြားကာလ အွန်လိုင်းအခြေပြုသင်ကြားရေးတွင် ကျောင်းအပ်နှံနိုင်

ဧရာ၀တီတိုင်းမ်

စက်တင်ဘာလ ၁၄ ရက်

အွန်လိုင်းအခြေပြုကြားကာလ အခြေခံပညာကျောင်း NaypyiTaw Freedom Education(NFE) မှ ဖွင့်လှစ်သည့် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် အတန်းများတွင် ကျောင်းအပ်စတင်လက်ခံနေပြီဖြစ် ကြောင်း သင်ကြားရေးတွင်ဦးဆောင်သည့် CDM ကျောင်းဆရာတဦးထံကသိရသည်။

စက်တင်ဘာလ ၁၁ ရက်မှ ၂၀ ရက်အထိ ကျောင်းအပ်လက်ခံမည့် ကိစ္စရပ်များအားဆောင်ရွက်သွား မည် ဖြစ်ပြီး အလယ်တန်းအဆင့် Grade – 6(စနစ်သစ်)၊ Grade – 7(စနစ်သစ်)၊ Grade – 8(စနစ်သစ်)၊ Grade – 9 (စနစ်ဟောင်း)၊ အထက်တန်းGrade – 10(စနစ်သစ်)၊ Grade – 11 (စနစ်ဟောင်း) စသည့် အတန်းများလာရောက်အပ်နှံနိုင်ကြောင်းသိရသည်။

“ အလယ်တန်းနဲ့အထက်တန်းဘဲ အဓိက သင်ကြားပေးနိုင်သေးတာပေါ့၊ ဆရာ၊ဆရာမအင်အားနဲ့က လတ်တ လောတော့အဲ့ဒီအတန်းတွေဘဲရှိမယ်။ သင်တန်းကြေးရယ်လို့သတ်မှတ်မထားဘူး။ ကိုယ်တတ် နိုင်သလောက်ပါဝင်လို့ရတယ်။ အဓိက က ကျောင်းအပ်မယ့်ကျောင်း သားတွေအနေနဲ့ ဖောင်ဖြည့်တဲ့ အခါမှာ Mail လိပ်စာကို

မှန်မှန်ကန်ကန်ဖြည့်ပေးဖို့အရေးကြီးပါတယ်။ အဲ့ဒါမှကျနော်တို့ပြန်ဆက်သွယ် လို့ အဆင်ပြေမှာပါ” ဟု သင်ကြားရေးဦးဆောင်သည့် CDM ဆရာတဦးကဧရာ၀တီတိုင်းမ်းကိုပြော သည်။

NFE အနေဖြင့် NUG အစိုးရ ပညာရေးဝန်ကြီးဌာနသို့ ချိတ်ဆက်ဆောင်ရွက်နေသည့် ကြားကာလ အွန်လိုင်းအခြေပြုပညာရေးကျောင်းတခုဖြစ်ပြီး ကျောင်းသားများ ၏လုံခြုံရေးကိုဦးစားပေးဆောင်ရွက်ပေးနေကြောင်း ၎င်းကဆက်လက်ပြောသည်။

ကျောင်းအပ်နှံဆောင်ရွက်လိုသူများအနေဖြင့် အောက်ပါလင့်ခ်သို့ ဝင်ရောက်၍အသေးစိတ်မေးမြန်း စုံစမ်းနိုင်သည်ကြောင်း သိရသည်။

https://www.facebook.com/NaypyitawFreedomEducation/