ရွှေနွယ်သွေးနှင့် ယင်းမာပင်-ဆားလင်းကြီးသပိတ်စစ်ကြောင်း ပူးပေါင်းကာ ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂ၌ ဆက်လက်ထားရှိရေး ဆန္ဒပြ
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၄ ရက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း စက်တင် ဘာလ ၁၄ ရက် ယနေ့ညနေပိုင်း စစ်အာဏာ သိမ်း (၄၉၄) ရက်မြောက်နေ့တွင် သွေးမအေးတဲ့ရွှေနွယ်သွေးသပိတ်စစ်ကြောင်းနှင့် ယင်းမာပင်- ဆားလင်းကြီးသပိတ်စစ်ကြောင်းပူးပေါင်းကာ “Accept NUG and Our Ambassador, Reject Dictator”စာသားပါဘန်နာနှင့် “UN, Prove your existence for
justice” စာသားပါဘန်နာတို့ကို ကိုင်စွဲကာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့တွင် ဦးကျော်မိုးထွန်းအား သံအမတ်အဖြစ် ပြန်လည်ခန့်အပ်ရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ နှစ်စဉ်အထွေထွေညီလာခံတွင် ကုလသမဂ္ဂမှ စစ်အုပ်စုကို လုံးဝ လက်မခံရေး၊ ပြည်သူ့အစိုးရ NUGကို တရားဝင်အစိုးရအဖြစ် လက်ခံရေး၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား သံအမတ်အဖြစ် ပြန်လည်ခန့်အပ်ရေးတို့အတွက် ချီတက်ဆန္ဒပြခဲ့ကြပါသည်။
#AyeyarwaddyTimes #PhotoNews #UN