ဧရာဝတီတိုင်းမ်
ဇူလိုင် ၂ ရက်
ထိုင်းနိုင်ငံမှာ ဇူလိုင်လ ၂ ရက်က အသက် ၁၁ နှစ်အရွယ် ကလေးတစ်ယောက်ဟာ သူ့မိဘတွေရဲ့ ပစ်ကပ်ကားကို မောင်းနှင်လာပြီး သံဃာတော်တွေကို ဝင်တိုက်ခဲ့တာကြောင့် သံဃာ တော် ၈ ပါး ပျံလွန် တော်မူပြီး နောက်ထပ် ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါပါတယ်။
ဒီဖြစ်ရပ်ဟာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း မုဒါဟန်ပြည်နယ်အတွင်းက လမ်းဘေးတစ်နေရာမှာ သံဃာတော် ၃၅ ပါးနဲ့ လူ ၅ ဦးတို့ ပါဝင်တဲ့ အဖွဲ့ဟာ ဓမ္မဒူတခရီးစဉ်အဖြစ် လမ်းလျှောက်ကြွချီနေစဉ် ဖြစ် ပွားခဲ့တာပါ။
“သံသယရှိသူဟာ ကလေးတစ်ယောက် ဖြစ်နေပါတယ်။ မတော်တဆမှု ဖြစ်ရတဲ့ အကြောင်းရင်း ကို သိရှိနိုင်ဖို့အတွက် ယာဉ်ကို သက်သေခံအထောက်အထား ရှာဖွေစစ်ဆေးရေးအဖွဲ့ဆီ ပို့ဆောင်ထားပါ တယ်” လို့ မုဒါဟန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲချုပ် ပိုင်းရော့သိုင်ဖူဆာက သတင်းထောက်တွေကို ပြောပါ တယ်။

“ဥပဒေကြောင်းအရ ဆက်လက်အရေးယူနိုင်ဖို့အတွက် ဒီကလေးကို စောင့်ရှောက်ဖို့ ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတာကို ဆုံးဖြတ်နိုင်အောင် ကလေးရဲ့ မိဘတွေကို စခန်းကိုလာဖို့ အကြောင်းကြားထားပါ တယ်” လို့ သူက ဆိုပါတယ်။
အဲဒီကလေးငယ်ဟာ မိဘတွေရဲ့ ပစ်ကပ်ကားကို ခွင့်ပြုချက်မရှိဘဲ ယူမောင်းလာခဲ့ပြီးနောက် ကားကို မထိန်းနိုင်တော့ဘဲ သံဃာတော်တွေကို ဝင်တိုက်မိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
အခင်းဖြစ်ပွားရာနေရာဆီ အရေးပေါ်လူနာတင်ယာဉ်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို စေလွှတ် ခဲ့ပြီး ဒဏ်ရာရရှိသူတွေကို မုဒါဟန်ဆေးရုံဆီ ပို့ဆောင်ပေးခဲ့ကြပါတယ်။
မုဒါဟန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဝေါရာယန်ဘွန်နာရတ်က ဒီဖြစ်ရပ်ဟာ လမ်းအန္တရာယ်ကင်း ရှင်းရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် သတိပြုရမယ့် သတိပေးချက်တစ်ခု ဖြစ်သင့်တယ်လို့ ဆိုပါတယ်။“ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း လမ်းအန္တရာယ်ကင်းရှင်းရေးနဲ့ ပတ်သက်ပြီး အလွန် တင်းကျပ်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ ကျွန်တော်တို့ ပြည်နယ်အတွက်တင်မကဘဲ အများပြည်သူတစ်ရပ်လုံး အနေနဲ့ လမ်းအန္တရာယ် မတော်တဆမှုတွေကို ကာကွယ်တဲ့နေရာမှာ သင်ခန်းစာတစ်ခု ဖြစ်သင့်ပါတယ်” လို့ သူက ပြောပါတယ်။
ကိုးကား – AFP
Ref; Eight Thai monks killed after boy drives truck into procession