ဧရာဝတီတိုင်းမ်
ဇွန် ၃၀ ရက်

ရုရှားနိုင်ငံ မော်စကိုမြို့ကနေ ပင်လယ်နက်အထိ ဒေသအနှံ့အပြားမှာရှိတဲ့ စွမ်းအင်အခြေခံအ ဆောက်အအုံတွေကို ယူကရိန်းရဲ့ ဒရုန်း၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုဟာ ရုရှားမှာ စက်သုံးဆီဆိုင်တွေမှာ တန်းစီရတာ၊ ဆီခွဲတမ်းနဲ့ ရောင်းချရတာတွေအထိ ရိုက်ခတ်မှု ပြင်းထန်နေပါတယ်။

အခုလို စက်သုံးဆီ ပြတ်လပ်မှုပြဿနာဟာ ကြီးမားလွန်းတာကြောင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကိုယ်တိုင်က ပြဿနာရှိနေတယ်ဆိုတာကို ပထမဆုံးအကြိမ် တရားဝင် ထုတ်ဖော်ဝန်ခံလိုက်ပါ တယ်။

ပူတင်က ပြီးခဲ့တဲ့ပိတ်ရက်က အဆင့်မြင့်အရာရှိတွေ၊ ရေနံကုမ္ပဏီအမှုဆောင်တွေနဲ့ တွေ့ဆုံချိန် မှာ စက်သုံးဆီဆိုင်တွေမှာ တန်းစီနေရဆဲဖြစ်ပြီး လိုချင်တဲ့ ဆီအမျိုးအစားရဖို့ မလွယ်ကူတဲ့ ပြဿနာတွေ ရှိနေတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့တာပါ။

ဒီပြဿနာဟာ စိုက်ပျိုးရေးကဏ္ဍအပေါ်မှာလည်း ထိခိုက်မှုတွေရှိနေပြီး လာမယ့် ရိတ်သိမ်းချိန်ရာ သီဟာ စက်သုံးဆီ အချိန်မှန်မှန် ရရှိမှုအပေါ်မှာ မူတည်နေတယ်လို့လည်း သူက ဆိုပါတယ်။

လွတ်လပ်တဲ့ ရုရှားသတင်းဌာနတစ်ခုဖြစ်တဲ့ Mediazona ရဲ့ ဖော်ပြချက်အရ လက်ရှိမှာ ရုရှားဒေ သပေါင်း ၅၆ ခုမှာ စက်သုံးဆီ ကန့်သတ်ချက်တွေကို အတင်းအကျပ် ချမှတ်လုပ်ဆောင်နေရတယ်လို့ သိ ရပါတယ်။

ရုရှားနိုင်ငံပိုင် ရုပ်သံလိုင်းနဲ့ အင်တာဗျူးမှာလည်း ပူတင်က ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေဟာ ပြ ဿနာတွေကို ဖန်တီးနေပြီး လက်ရှိမှာ ဆီပြတ်လပ်မှုအချို့ ရှိနေပေမဲ့ စိုးရိမ်စရာအဆင့်တော့ မဟုတ်ဘူး လို့ ဝန်ခံပြောဆိုထားပါတယ်။

ယူကရိန်း တိုက်ခိုက်တာခံခဲ့ရတဲ့ ရေနံချက်စက်ရုံတွေကို အမြန်ဆုံး ပြုပြင်သွားမှာဖြစ်သလို စွမ်း အင်အခြေခံအဆောက်အအုံတွေကို ကာကွယ်ဖို့ လေကြောင်းရန်ကာကွယ်ရေးစနစ် ထုတ်လုပ်မှုကိုလည်း တိုးမြှင့်သွားမယ်လို့ ၎င်းက ကတိပြုခဲ့ပါတယ်။

ရုရှားက သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်မှာဆိုရင် ရက်အနည်းငယ်စာ သုံးဖို့ပဲ စက်သုံး ဆီကျန်တော့တယ်လို့ ပူတင်က ဝန်ခံခဲ့ပြီး၊ မကြာခင်မှာ ဆီတွေ ထပ်မံရောက်ရှိလာလိမ့်မယ်လို့ မျှော်လင့် ကြောင်း သူက ပြောပါတယ်။

ယူကရိန်းက အခုလို ရုရှားကို တာဝေးတိုက်ခိုက်မှုတွေ လုပ်ဆောင်တာဟာ စစ်ပွဲရဲ့ အနိဋ္ဌာရုံကို ရုရှားပြည်သူတွေ သိရှိစေဖို့တင်မကဘဲ ရုရှားစစ်ဗိုလ်ချုပ်တွေကို ရှေ့တန်းစစ်မျက်နှာပြင်ကနေ စစ်အင် အားနဲ့ လက်နက်တွေကို နောက်တန်းဆီ ပြန်လည်ခွဲဝေသုံးစွဲလာရအောင် ဖိအားပေးဖို့ ဖြစ်တယ်လို့ ဆိုပါ တယ်။

ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့က ယူကရိန်းတပ်ဖွဲ့တွေအနေနဲ့ ရုရှားက ၎င်းတို့ပိုင်နက်အဖြစ် ကြေညာထားတဲ့ အရှေ့တောင်ပိုင်းဒေသ ၄ ခုကနေ ထွက်ခွာသွားရမယ်ဆိုတဲ့ ရု ရှားရဲ့ စစ်ပွဲရည်မှန်းချက်ဟာ ပြောင်းလဲမှာမဟုတ်ကြောင်း တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

ကိုးကား – BBC
Ref; Putin makes rare admission of fuel shortages caused by Ukrainian strikes