ဧရာဝတီတိုင်းမ်
ဇွန် ၂၉ ရက်

အမေရိကန်က ဟော်မုဇ်ရေလက်ကြားမှာ ကုန်တင်သင်္ဘောတစ်စီးကို အီရန်က ဒရုန်းနဲ့ တိုက်ခိုက် ခဲ့တယ်လို့ ပြောဆိုပြီးနောက် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမိန့်အရ အီရန်နိုင်ငံရှိ ပစ်မှတ် ၁၀ ခု ကို စစ်ရေး အရ တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က စနေနေ့မှာ ပြောကြားလိုက်ပါတယ်။

အခုလို အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့် စစ်ပွဲအဆုံးသတ်ဖို့ ရည်ရွယ်ထားတဲ့ အမေရိကန်-အီ ရန် ကြားဖြတ်သဘောတူညီချက်နဲ့ စိုးရိမ်ရေမှတ်ရောက်နေတဲ့ အပစ်အခတ်ရပ်စဲရေးတို့ ရှိနေလင့်ကစား ပဋိပက္ခတွေ တစ်ကျော့ပြန် ပြင်းထန်လာမှာကို စိုးရိမ်မှုတွေ ပိုတိုးလာစေပါတယ်။

အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) က ဟော်မုဇ်ရေလက်ကြားနဲ့ အနီးတစ်ဝိုက်က နေရာအတော်များများမှာရှိတဲ့ အီရန်စစ်တပ်ပစ်မှတ်တွေကို အမေရိကန်စစ်လေယာဉ်တွေက ဗုံးကြဲတိုက် ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီပစ်မှတ်တွေထဲမှာ စစ်ရေးစောင့်ကြည့်ရေးအခြေခံအဆောက်အအုံတွေ၊ ဆက်သွယ်ရေးစနစ် တွေ၊ လေကြောင်းရန်ကာကွယ်ရေးစခန်းတွေ၊ ဒရုန်းသိုလှောင်ရုံတွေနဲ့ ရေမိုင်းထောင်နိုင်တဲ့နေရာတွေ ပါ ဝင်တယ်လို့ ပြောပါတယ်။

အီရန်အနေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို နောက်ထပ်တစ်ကြိမ် ချိုးဖောက်ခဲ့တာ ကြောင့် အမေရိကန်အနေနဲ့ အီရန်ရဲ့ ဒုံးကျည်နဲ့ ဒရုန်းသိုလှောင်ရုံတွေ၊ ကမ်းရိုးတန်း ရေဒါစခန်းတွေကို တိုက်ခိုက်ခဲ့တာလို့ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

အမေရိကန်အနေနဲ့ ဆက်ပြီးသည်းခံညှိနှိုင်းပေးလို့မရတော့ဘဲ စစ်ရေးအရ အပြတ်အသတ်ချေ မှုန်းဖို့ ဖိအားပေးခံရမယ့် အခြေအနေမျိုး ရောက်လာနိုင်တယ်လို့လည်း သတိပေးလိုက်ပြီး တကယ်လို့ အဲ ဒီလိုသာ ဖြစ်လာခဲ့ရင် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံဆိုတာ ကမ္ဘာပေါ်မှာ ရှိတော့မှာမဟုတ်ဘူးလို့ ၎င်း က ဆိုပါတယ်။

အခုနောက်ဆုံးဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အိုမန်နိုင်ငံကမ်းလွန်မှာ အီ ရန်ဒရုန်းတစ်စီးက ကုန်သည်တင်သင်္ဘောကို တိုက်ခိုက်ခဲ့ပြီး နောက်တစ်နေ့မှာ အမေရိကန်က ပြန်လည် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အလားတူ ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ပြီး ရက်ပိုင်းအကြာမှာ ထပ်မံပေါ်ပေါက်လာတာပါ။

အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ်ရဲ့ အဆိုအရ အီရန်တပ်ဖွဲ့တွေဟာ စနေနေ့အစောပိုင်းက ကီ ကုလို့ခေါ်တဲ့ ရေနံတင်သင်္ဘောကို အသေခံဒရုန်းတစ်စီးနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီသင်္ဘောဟာ ရေနံစိမ်း စည်ပေါင်း ၂ သန်းကျော် သယ်ဆောင်ပြီး ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမောင်းနှင်နေတာလို့ ဆိုပါတယ်။

ကိုးကား – India Today
Ref; US hits 10 Iranian targets after Hormuz tanker drone attack