ဧရာဝတီတိုင်းမ်
ဇွန် ၃၀ ရက်
အမေရိကန်နဲ့ အီရန်ကြား အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ဖို့ ရည်ရွယ်ထားတဲ့ သဘောတူ ညီချက်အပေါ် ဝါရှင်တန်နဲ့ တိုက်ရိုက်ဆွေးနွေးဖို့ အစီအစဉ်မရှိပါဘူးလို့ အီရန်အစိုးရက ငြင်းဆိုထားပေမဲ့ အီရန်က တောင်းဆိုထားတဲ့ ဆွေးနွေးပွဲတစ်ခုကို လာမယ့် အင်္ဂါနေ့မှာ ကာတာနိုင်ငံမှာ ပြုလုပ်သွားမှာဖြစ် တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။
ဒီကြေညာချက်ဟာ အမေရိကန်-အီရန် သဘောတူညီချက် လက်မှတ်ရေးထိုးပြီးကတည်းက ဟော်မုဇ်ရေလက်ကြား စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး အီရန်ဘက်က အိုမန်နိုင်ငံနဲ့ ပထမဆုံးအကြိမ် ဆွေးနွေး ပွဲ ပြုလုပ်ခဲ့ပြီးနောက်ပိုင်းမှာ ထွက်ပေါ်လာတာပါ။
အဆိုပါ သဘောတူညီချက်ကို တင်းမာမှုဖြစ်စေခဲ့တဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ ဝါရှင်တန်နဲ့ တဟီရန်တို့ သဘောတူညီခဲ့ကြပြီးနောက်မှာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
“အီရန်က ဆွေးနွေးပွဲတစ်ခု တောင်းဆိုထားပါတယ်။ အဲဒီဆွေးနွေးပွဲကို မနက်ဖြန်ကျရင် ဒိုဟာမြို့ မှာ ပြုလုပ်သွားမှာပါ” လို့ ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ သူ့ရဲ့ Truth Social လူမှုကွန်ရက်ကတစ်ဆင့် ရေးသားခဲ့ပါတယ်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလီဗစ်ကလည်း စတိဗ်ဝစ်ကော့ဖ်နဲ့ ဒေါ်နယ်ထရမ့်ရဲ့ အကြံပေးလည်းဖြစ် သမက်လည်းဖြစ်သူ ဂျာရက်ကွတ်ရှ်နာတို့ဟာ ဒီတစ်ပတ်အတွင်း အဆင့်မြင့်ဆွေး နွေးပွဲတွေ တက်ရောက်ဖို့ ဒိုဟာမြို့ကို သွားရောက်လို့ Fox News သတင်းဌာနကို နောက်ပိုင်းမှာ ပြော ကြားခဲ့ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ်ဘာကေအီက အီရန် ကျွမ်းကျင် သူများအဖွဲ့ဟာ ဒီတစ်ပတ်အတွင်း ဒိုဟာမြို့ကို သွားရောက်မမယ်လို့ တနင်္လာနေ့မှာ ပြောဆိုခဲ့ပေမဲ့ အမေ ရိကန်တွေနဲ့ ထိုင်ခုံချင်းယှဉ်ပြီး ဆွေးနွေးမယ်ဆိုတာကိုတော့ ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပါတယ်။
“ကျွန်တော်တို့ဟာ နောက်ဆုံးသဘောတူညီချက် ဆွေးနွေးရမယ့်အဆင့်ကို မရောက်သေးပါဘူး။ လာမယ့်ရက်ပိုင်းအတွင်း အမေရိကန်နဲ့ ဘယ်အဆင့်မှာမှ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့မရှိပါဘူး” လို့ ၎င်းက ပြောပါတယ်။
ကိုးကား – AFP
Ref; Trump says Iran requested Doha meeting as Tehran denies direct US talks