ဧရာဝတီတိုင်းမ်
ဇွန် ၂၈ ရက်

သြစတြေးလျအစိုးရက အသက် ၁၆ နှစ်အောက် ကလေးငယ်တွေ လူမှုကွန်ရက် အသုံးမပြုရဆို တဲ့ ပိတ်ပင်ချက်ကို လိုက်နာဖို့ ပျက်ကွက်တဲ့ အွန်လိုင်းပလက်ဖောင်းတွေကို ချမှတ်မယ့် ဒဏ်ငွေပမာဏ ကို နှစ်ဆအထိ တိုးမြှင့်သွားဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘာနီးစ်က စနေနေ့မှာ ကြေညာရာမှာတော့ အခုစီမံကိန်းအရ ဒီ ပိတ်ပင်ချက်ကို ချိုးဖောက်တဲ့အတွက် ပေးဆောင်ရမယ့် အမြင့်ဆုံးဒဏ်ငွေပမာဏဟာ သြစတြေး လျဒေါ် လာ ၉၉ သန်း (အမေရိကန်ဒေါ်လာ ၆၈ သန်းခန့်) အထိ ရောက်ရှိသွားမယ်လို့ ဆိုပါတယ်။

အသက် ၁၆ နှစ်အောက် ကလေးတွေ အကောင့်ဖွင့်တာကို တားဆီးဖို့ ဘာတွေလုပ်ဆောင်ထားသ လဲဆိုတဲ့ သက်သေအထောက်အထားတွေကို တင်ပြဖို့ အွန်လိုင်းလုံခြုံရေးဆိုင်ရာ လွတ်လပ်တဲ့ ထိန်း ကျောင်းကြပ်မတ်ရေးအဖွဲ့ကနေ လူမှုကွန်ရက်ကုမ္ပဏီတွေကို ဖိအားပေးတောင်းဆိုနိုင်တယ်လို့ သြစ တြေးလျအစိုးရက ပြောပါတယ်။

အဆိုပါ ထိန်းကျောင်းကြပ်မတ်ရေးအဖွဲ့ဟာ အသက်အရွယ် စစ်ဆေးအတည်ပြုတဲ့စနစ်တွေ ပံ့ပိုး ပေးနေတဲ့ ကုမ္ပဏီတွေဆီကနေလည်း အချက်အလက်တွေကို တောင်းခံခွင့်ရရှိမှာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံဟာ အသက်အရွယ်ကန့်သတ်ချက်ဥပဒေကို ပြီးခဲ့တဲ့နှစ်ကတည်းက စတင် ကျင့်သုံး ခဲ့ပြီး ဒီဥပဒေအရ အဓိကကျတဲ့ လူမှုကွန်ရက်ပလတ်ဖောင်းကြီး ၁၀ ခုအနေနဲ့ အသက်မပြည့်သေး တဲ့ အသုံးပြုသူတွေ အကောင့်ဖွင့်တာကို တားဆီးဖို့နဲ့ တခြားကန့်သတ်တဲ့ အစီအမံတွေကို လုပ်ဆောင်ဖို့ တာဝန်ရှိပါတယ်။

ဒီဥပဒေရဲ့ ထိရောက်မှုအပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်နေပါတယ်။ ဒေသတွင်း သုတေသီတွေရဲ့ စစ်တမ်းကောက်ယူမှုအရ ပိတ်ပင်ချက် စတင်ကျင့်သုံးပြီးနောက်ပိုင်းမှာတောင် အသက် ၁၂ နှစ်ကနေ ၁၅ နှစ်ကြားရှိတဲ့ သြစတြေးလျနိုင်ငံသားတွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ လူမှုကွန်ရက်ကို ဆက်လက် အသုံးပြုနေ ကြတုန်းပဲလို့ သိရပါတယ်။

အယ်လ်ဘာနီးစ်ကတော့ အွန်လိုင်းပလက်ဖောင်းတွေအနေနဲ့ ဒီဥပဒေကို လိုက်နာဖို့ လုံလောက်အောင် မလုပ်ဆောင်ကြသေးဘူးလို့ ထောက်ပြထားပြီး လူမှုကွန်ရက်ပေါ်မှာ ကလေးတွေရှိနေတာဟာ များလွန်း နေသေးတယ်လို့ ပြောပါတယ်။

ကိုးကား – NHK
Ref; Australia to double fines for under-16 social media ban breaches