ဧရာဝတီတိုင်းမ်
ဇွန် ၂၇ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်တပ်ဖွဲ့တွေဟာ ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောအတော်များများကို တိုက်ခိုက်ခဲ့တယ်လို့ သောကြာနေ့မှာ သူ့ရဲ့ လူမှုကွန်ရက်ကနေတစ်ဆင့် ပြောကြား လိုက်ပါတယ်။
အီရန်ရဲ့ အခုလိုလုပ်ရပ်ဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မိုက်မဲစွာ ချိုးဖောက် လိုက်တာလို့ သူက ဝေဖန်ခဲ့ပြီး အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) ကလည်း ဒါကို တုံ့ပြန် တဲ့အနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) က သောကြာနေ့မှာ လူမှုကွန်ရက်ကနေ ထုတ် ပြန်ရာမှာ အီရန်ရဲ့ ဒုံးကျည်နဲ့ ဒရုန်းသိုလှောင်ရုံတွေအပြင် ကမ်းရိုးတန်း ရေဒါစခန်းတွေကိုပါ တိုက်ခိုက်ခဲ့ တယ်လို့ ကြေညာခဲ့ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က စင်ကာပူအလံတင်သင်္ဘောတစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့မှုအ ပေါ် ပြင်းထန်တဲ့ တုံ့ပြန်မှုဖြစ်တယ်လို့ ဖော်ပြထားပြီး အီရန်အစိုးရရဲ့ အန္တရာယ်ရှိတဲ့ လုပ်ရပ်တွေဟာ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။
အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာဇင် ဂါရီဘာဘာဒီက သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေ ကနေ အီရန်အစိုးရရဲ့ သဘောတူညီချက်မပါဘဲ သွေဖည်မောင်းနှင်မယ့် သင်္ဘောတွေရဲ့ ဘေးကင်းလုံခြုံ ရေးကို အာမခံမှာ မဟုတ်ဘူးလို့ သောကြာနေ့က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
အီရန်အစိုးရပိုင် Press TV သတင်းဌာနက အမေရိကန်နဲ့ အီရန်နှစ်ဖက်စလုံးဟာ အဲဒီရေပြင်မှာ ဆက်သွယ်ရေးလိုင်းတစ်ခု ထူထောင်လိုက်ပြီလို့ သောကြာနေ့မှာပဲ ဖော်ပြခဲ့ပါတယ်။
ဒီလုပ်ရပ်ဟာ နားလည်မှုစာချွန်လွှာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး စစ်ရေးအရ တင်းမာမှုတွေ ပိုမိုမ ပြန့်ပွားအောင် တားဆီးဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။
အီရန်မီဒီယာတွေမှာတော့ ဒီပြောကြားချက်ဟာ လုံးဝ မဟုတ်မမှန်တဲ့ သတင်းအမှား သက်သက် ပဲလို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က တုံ့ပြန်ထားကြောင်း ဖော်ပြကြပါတယ်။
ကိုးကား – NHK
Ref; US forces strike Iranian targets