ဧရာဝတီတိုင်းမ်
ဇွန် ၂၇ ရက်
ဗင်နီဇွဲလားနိုင်ငံမှာ အင်အားပြင်း ငလျင်ကြီးနှစ်ခု လှုပ်ခတ်သွားပြီးနောက် နောက်ဆက်တွဲဆိုး ကျိုးတွေကို ရင်ဆိုင်နေရပြီး တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ အနည်းဆုံး လူ ၉၂၀ သေဆုံးခဲ့ပြီး ၃,၃၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီငလျင်နှစ်ခုဟာ ဗုဒ္ဓဟူးနေ့ညနေပိုင်းမှာ တစ်မိနစ်အတွင်း ဆက်တိုက်လှုပ်ခတ်သွားခဲ့တာဖြစ် ပြီး နှစ်ခုစလုံးဟာ ပြင်းအားရစ်ခ်ျတာစကေး ၇ ကျော်စီ ရှိခဲ့ပါတယ်။

ငလျင်ဗဟိုချက်တွေကတော့ မြို့တော် ကာရာကတ်စ်ရဲ့ အနောက်ဘက် ၁၆၀ ကီလိုမီတာအကွာ မှာ ဖြစ်ပါတယ်။ မြို့တော်နဲ့ နိုင်ငံမြောက်ပိုင်းပြည်နယ်တွေမှာ ပြင်းပြင်းထန်ထန် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အဆောက်အအုံတွေ ထပ်ပြိုကျမှာကို ကြောက်တာကြောင့် ပြည်သူတွေဟာ အပြင်က ကွင်းပြင် တွေမှာပဲ နေနေကြရတယ်လို့ အမျိုးသားတစ်ဦးက ပြောပြခဲ့ပါတယ်။
မြောက်ပိုင်းကမ်းရိုးတန်းပြည်နယ်တစ်ခုဖြစ်တဲ့ လာဂွိုင်ရာမှာ အဆောက်အအုံပေါင်း ၂၀၀ ကျော် ပျက်စီး ဒါမှမဟုတ် ပြိုကျပျက်စီးခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
လောလောဆယ်မှာတော့ တချို့နိုင်ငံတွေက ကူညီပံ့ပိုးပေးနေကြပြီး အမေရိကန်စစ်တပ်က ကယ်ဆယ်ရေးသမားတွေနဲ့ ရိက္ခာပစ္စည်းတွေ ပို့ဆောင်ပေးဖို့ စစ်သည်အင်အား၊ လေယာဉ်တွေနဲ့ စစ်ရေ ယာဉ်တစ်စီးကို စေလွှတ်သွားမယ်လို့ ပြောပါတယ်။
မက္ကဆီကိုနဲ့ အယ်လ်ဆာဗေဒိုနိုင်ငံတို့ကလည်း ဗင်နီဇွဲလားနိုင်ငံသို့ ကယ်ဆယ်ရေးအဖွဲ့တွေကို စေလွှတ်ပေးကြတယ်လို့ သိရပါတယ်။
ကိုးကား – NHK
Ref; Death toll from Venezuela earthquakes rises to 920