ဧရာဝတီတိုင်းမ်
ဇွန် ၂၆ ရက်

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်က မြန်မာရွေးတုအစိုးရဟာ အရင်အစိုးရနဲ့စာ ရင် အကြံပြုချက်တွေကို ပိုပြီး ပွင့်ပွင့်လင်းလင်း လက်ခံမယ့်ပုံရှိတယ်လို့ ဇွန် ၂၅ ရက်နေ့မှာ ပြောကြား လိုက်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ စစ်ပွဲဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံရဲ့ စစ်အုပ်စုကျောထောက် နောက်ခံပြု အစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ ကြိုးပမ်းနေချိန်မှာ သူက အခုလို ပြောဆိုလိုက်တာပါ။

မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ဧပြီလမှာ သမ္မတအဖြစ် တာဝန်ယူခဲ့ပြီး အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်း ခဲ့တာပါ။ အဲဒီမတိုင်ခင် အရပ်သားအုပ်ချုပ်ရေးဆီ ပြန်သွားနေပြီဆိုတာကို ပြသဖို့အတွက် စစ်တပ်လိုလား တဲ့ပါတီ နိုင်အောင် လုပ်ထားတဲ့ ရွေးကောက်ပွဲတစ်ခု ကျင်းပခဲ့ပေမဲ့ ဝေဖန်သူတွေနဲ့ အနောက်နိုင်ငံအစိုးရ တွေက ဒါဟာ ဟန်ပြသက်သက်ပဲလို့ ပယ်ချခဲ့ကြပါတယ်။

မိုဟာမက်က သူဟာ ပြီးခဲ့တဲ့ မေလတုန်းက နေပြည်တော်မှာ စစ်အုပ်စုခန့် နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေနဲ့ တွေ့ဆုံခဲ့ပြီး ဘုံသဘောတူညီချက် ၅ ချက် တိုးတက်မှုအခြေအနေတွေကို ဆွေးနွေးခဲ့ တယ်လို့ မလေးရှားလွှတ်တော်ကို ပြောပါတယ်။

သူက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ မလေးရှားနိုင်ငံထဲရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခ သည်အရေး အပါအဝင် တခြားအရေးကြီးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

“မနှစ်က မလေးရှားနိုင်ငံ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်တုန်းကထက်နဲ့စာရင် အခုတစ် ခေါက်မှာ မြန်မာဘက်က တင်ပြတဲ့ အကြံပြုချက်တွေကို ပိုပြီးပွင့်ပွင့်လင်းလင်း လက်ခံတဲ့ပုံစံ ရှိတာကို တွေ့ရပါတယ်” လို့ သူက ပြောပါတယ်။

စစ်အုပ်စုကတော့ အကြမ်းဖက်သမားလို့ သတ်မှတ်ထားတဲ့ အတိုက်အခံတွေနဲ့ ဆွေးနွေးဖို့ ဆန္ဒမ ရှိတာကြောင့် ဒီငြိမ်းချမ်းရေးအစီအစဉ်ဟာ အများအားဖြင့်တော့ ကျရှုံးနေတယ်လို့ပဲ မြင်နေတာပါ။

အာဆီယံခေါင်းဆောင်တွေအနေနဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ဖို့အတွက် မြန်မာနိုင်ငံနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတဲ့ နည်းလမ်းတွေကို ရှာဖွေဖို့ နိုင်ငံခြားရေးဝန်ကြီးတွေ ကို ညွှန်ကြားထားပြီး လိုအပ်ရင် အချက်အလက်တချို့ကို ပြင်ဆင်တာမျိုးလည်း ရှိနိုင်တယ်လို့ ၎င်းက ဆို ပါတယ်။

“တကယ်လို့ ပြင်ဆင်ဖို့လိုရင် ပြင်ဆင်သွားမှာပါ၊ ဒါပေမဲ့ မပြင်ဆင်ခင်မှာ အာဆီယံခေါင်းဆောင် အားလုံးရဲ့ အတည်ပြုချက်ကိုတော့ အရင်ရယူရမှာ ဖြစ်ပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

ကိုးကား – Reuters
Ref; Malaysia’s foreign minister says new Myanmar leadership ‘more open’ to suggestions