ရေကြည်မြို့နယ်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးတာဘူး ငသိုင်းချောင်းမှာ ပစ်သတ်ခံရ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၄ ရက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ဇရပ်လှကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမူး စက်တင်ဘာလ ၁၄ ရက်နေ့ ဒီကနေ့ နေ့လည် ၃ နာရီဝန်းကျင်က သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ် လို့ ဒေသခံတွေထံက သိရပါတယ်။

ဇရပ်လှစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးတာဘူး ဟာ ငါသိုင်းချောင်းမြို့နယ် ကျုံတာကျေးရွာ အနီးမှာ ဆိုင်ကယ်နဲ့ ခရီးသွားနေစဥ် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးနေတာ လို့ ဒေသခံတွေက ဆိုပါတယ်။

“ဆိုင်ကယ်နဲ့ ခရီးသွားတာဖြစ်မယ် သူက ရေကြည်မြို့နယ်ထဲက အုပ်ချုပ်ရေးမှူးပါ။ ခရီးသွားတာဖြစ်မယ် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးနေတာကို ကျွန်တော်တ်ို့ လမ်းသွားရင် မြင်ခဲ့ရတာပါ။ စစ်သားတွေရဲတွေလဲ သိပ်မကြာဘူး အများကြီးရောက်လာကြတယ်။တစ်ခြားသူနဲ့ပတ်သက်တာတော့ ဘာမှ မသိရပါဘူး” လို့ မျက်မြင် ဒေသခံတဦးက

ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

၎င်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးတာဘူး သေနတ်နဲ့ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်တွေရောက်ရှိလာကာ ရှာဖွေစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ ဘယ်အဖွဲဲ့က လုပ်ဆောင်တယ်ဆိုတာ တစုံတရာမထုတ်ပြန်သေးပါဘူး။

#Ayeyarwaddy_Times