မိုးဗြဲတိုက်ပွဲ ၅ ရက်တာအတွင်း စစ်ကောင်စီ၏ တပ်မ ၆၆ က တပ်သား ၆၀ ခန့် သေဆုံး

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၄ ရက်

စက်တင်ဘာ ၈ ရက်နေ့က စတင်ကာ စက်တင်ဘာလ ၁၂ ရက်နေ့အထိ ၅ ရက်ကြာဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီဘက် ၆၀ ခန့် သေဆုံးခဲ့ကြောင်း နယ်မြေခံသတင်းရင်းမြစ်များထံမှ သိရသည်။

မိုးဗြဲမြို့၊ ဝါရီဆူးဖလိုင်ရွာမှ အင်အား ၄၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာပြီး ကတ်သလစ် ဘုရားကျောင်းမှာ တပ်စွဲနေသည့် စစ်ကောင်စီရဲ့ တပ်မ ၆၆ နှင့် မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့၊ KA ၊ KNDF ၊ နေပြည်တော် PDF၊ URF၊ KGZ၊ KRU စတဲ့ ကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ ၅ ရက်ကြာ

တိုက်ပွဲများပြင်းထန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေသခံကာကွယ်ရေးတပ်များမှလည်း ၃ ဦး ကျဆုံးခဲ့​ပြီး စက်တင်ဘာ ၈ ရက် တိုက်ပွဲ ပထမဆုံးနေ့တွင် မိုးဗြဲမြို့တွင်း ပိတ်မိနေခဲ့တဲ့ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း သေဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီ၏ တပ်မ ၆၆ မှာ ၎င်းတို့တပ်စွဲထားတဲ့ ဘုရားကျောင်းဝင်းအတွင်းမှ ပြန်လည်ထွက်ခွာသွားပြီဖြစ်ပြီး အဆိုပါဘုရားကျောင်းအတွင်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ 7.62ကျည်ဆံ (၅၂၁)တောင့်၊ 5.56ကျည်ဆံ (၂၆၀) တောင့်၊ စုဗုံး (၁၄) လုံး၊ ကျည်ဘောက် (၈) ခု၊ RPG (၁) လုံး၊ ၁၈မိုင်း (၁) လုံး၊ သေတ္တာ (၂) လုံး၊ 79သီး (၂) လုံး ကို

သိမ်းဆည်းရမိနိုင်ခဲ့တယ်လို့ မိုးဗြဲ PDF ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ဓာတ်ပုံ – Karenni’s Voice

#မိုးဗြဲ #တိုက်ပွဲ #စစ်ကောင်စီ #သေဆုံး

#Ayeyarwaddy_Times