ဖားကန့်မြို့နယ် မဒဲယန်မှော်ပုံကျေးရွာကို စစ်ကောင်စီတပ်တွေ အိမ်စီးကားနဲ့ဝင်လာပြီး ရွာသားတွေကို ရိုက်နှက်ကာ ရွာကိုမီးရှို့

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၄ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စုထဲက မဒဲယန်မှော်ပုံကျေးရွာကို စက်တင်ဘာလ ၁၄ ရက်နေ့ မနက်အစောပိုင်းက စစ်ကောင်စီတပ်သားတွေဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေက အိမ်စီးကား ၆ စီး လူအင်အား ၃၀ လောက်နဲ့ရောက်လာပြီး ကုဋေဦး ကုန်စုံဆိုင်အား ဝင်ရောင်စီးနင်းကာ ဆိုင်ရှင်ဖြစ်သူ ဦးမြင့်ဆွေကို ရိုက်နက်ဖမ်းဆီးသွားပြီး ဆိုင်ကို မီးရှို့သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“အသက် ၆၀ လောက်တော့ရှိပြီ ဆိုင်ရှင်က မနက် ၅ ခွဲလောက်ဝင်စီးတာ သေနတ်တွေလည်းပစ်သွားတယ် လက်နက်ကြီးကျတာတွေလည်းရှိတယ်”လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက မှော်ပုံကျေးရွာကို ဝင်စီးပြီး မီးရှို့ကာ ဒေသခံတွေကတော့ တိုက်ပွဲတွေဖြစ်လာမှာဆိုးလို့ ဘေးနားက ဆန်ခါ၊ လုံးခင်းစတဲ့ကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဩဂုတ်လကုန်ပိုင်းကလည်း မှော်ပုံကျေးရွာကို စစ်ကောင်စီတပ်သားတွေဝင်စီးကာ သပိတ်ခေါင်းဆောင်တဦးကိုဖမ်းဆီးပြီး နေအိမ်နဲ့ ကားတွေကိုမီးရှို့တာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

#ဖားကန့် #မဒဲယန်မှော်ပုံကျေးရွာ #စစ်ကောင်စီတပ် #မီးရှို့ #တစ်မိနစ်ရုပ်သံ

#Ayeyarwddy_Times