
ထိုင်းခုံရုံးက ဝန်ကြီးချုပ် ပရာယွပ်ရဲ့ ရာထူးသက်တမ်းကို ဒီလကုန်မှာ ဆုံးဖြတ်မယ်
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၄ ရက်
ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ဝန်ကြီးချုပ်သက်တမ်း ရှစ်နှစ်ပြည့်နေပြီလို့ဆိုတဲ့ ဝန် ကြီးချုပ် ပရာယွပ်ချန်အိုချာရဲ့ ရာထူးသက်တမ်းနဲ့ ပတ်သက်လို့ စက်တင်ဘာလ ၃၀ ရက်မှာ အဆုံးအဖြတ်ပေးဖို့ ဒီကနေ့ သတ်မှတ်လိုက်ပါတယ်။
၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းပြီး လအနည်းငယ်အကြာမှာ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ပရာယွပ်ကို ပြီးခဲ့တဲ့လ ကတည်းက ရာထူးမှနှုတ်ထွက်ပေးဖို့ ဖုထိုင်းပါတီရဲ့ ခုံရုံးထံတင်ပြမှုကြောင့် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်မှု ရပ်ဆိုင်းဖို့ ခုံရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
ထိုင်းစစ်တပ်အကြီးအကဲဟောင်း ပရာယွပ်ဟာ အခြားရာထူးဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးတာဝန် ထမ်း ဆောင်နေဆဲဖြစ်ပြီး သက်တမ်းရှစ်နှစ် မပြည့်သေးဟု ခုံရုံးက ဆုံးဖြတ်ပါက ဝန်ကြီးချုပ်အဖြစ် ပြန်လည်တာဝန်ယူ နိုင်ပါတယ်။
ပရာယွပ်ရဲ့ လက်ထောက်ဖြစ်သူ ပရာဝစ်ဝမ်ဆူဝမ်က ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေပါ တယ်။ အသက် ၆၈ နှစ်အရွယ်ရှိ ပရာယွပ်က ရလဒ်ကို လေးစားသမှုရှိမယ်လို့ ပြောပါတယ်။
ဖုထိုင်းအစိုးရကို ဖြုတ်ချပြီးနောက် စစ်အုပ်ချုပ်ရေးရဲ့ ခေါင်းဆောင်အဖြစ် ပရာယွပ် တာဝန်ယူခဲ့တဲ့အချိန် တွေကို ဝန်ကြီးချုပ်သက်တမ်း ရှစ်နှစ်အတွင်း ထည့်သွင်းခြင်းရှိ မရှိကို ခုံရုံးက ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
ခုံရုံးရဲ့ အဆုံးအဖြတ်က ရှင်းရှင်းလင်းလင်းဖြစ်စေမယ့် အခွင့်အရေးတစ်ခုဖြစ်လာမယ်လို့ ထိုင်းအစိုးရအ ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အနူချာဘူရာပါချိုင်းဆရီက ပြောပါတယ်။ “ပြည်သူတွေအနေနဲ့ ခုံရုံးရဲ့ဆုံးဖြတ်ချက်ကို လေးစားသမှုရှိဖို့ ကျွန်တော် တိုက်တွန်းပါတယ်” လို့ သူက ဆိုပါတယ်။
သြဂုတ်လ ၂ ရက်မှာ National Institute of Development Administration က လူ ၁၃၁၂ ဦးကိုပြုလုပ် တဲ့ စစ်တမ်းတစ်ခုအရ ဖြေကြားသူ သုံးပုံနှစ်ပုံက ပရာယွပ်ကို ရာထူးမှနှုတ်ထွက်စေချင်ပြီး သုံးပုံတစ်ပုံက ခုံရုံးရဲ့ အဆုံးအဖြတ်ကို စောင့်ကြည့်လိုပါတယ်။
ကိုးကား – Reuters
Ref; Thai court to decide on PM Prayut’s tenure this month