ထားဝယ်တွင် စစ်ကောင်စီတပ်မှ ဒေသခံ ၁၃၀ ဝန်းကျင်ကို တစ်ပတ်ကြာ ဖမ်းဆီးနှိပ်စက်ပြီး ပြန်လွှတ်

နိုင်း/ဧရာဝတီတိုင်းမ်

(ထားဝယ်)၊ စက်တင်ဘာ ၁၄ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဘဝပင်ကျေးရွာဒေသ ခံ ၁၃၀ ဝန်းကျင်ကို စက်တင်ဘာလ ၆ ရက် နေ့ကစတင် ၍ဖမ်းဆီးထားခဲ့ပြီး တပတ်အကြာ ယမန်နေ့ညနေပိုင်း ပြန်လည်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်သားအင်အား ၁၀၀ ကျော်သည် ဘဝပင်ကျေးရွာသို့ ဝင်ရောက်တပ်စွဲထားပြီးနောက် ကျေးရွာမှ သက်ကြီးရွယ်အို ကလေးသူငယ်များအပါဝင် ရွာသား ၁၃၀ ဝန်းကျင်အား ကျေးရွာဘုန်းကြီးကျောင်း ဝန်းအတွင်း အကြပ်ကိုင်ခြိမ်းခြောက်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း ဒေသကာကွယ်ရေးတပ် ဖွဲ့ဝင်တဦးကပြော သည်။

“ရွာသားတွေကဘုန်းကြီးကျောင်းမှာစစ်ရှောင်ကြတာအဲ့မှာဝိုင်းပီးဖမ်းလိုက်တာ၊ ရွာထဲကအိမ်တွေက ပစ္စည်းတွေကိုလဲယူတယ်၊ ရွာသားတွေကိုလည်းနှိပ်စက်တယ်၊ ကြိုးတုပ်ပီးဖမ်းထားတာတို့၊ စစ်ဖိနပ်နဲ့ ကန်တာ၊ သေနတ်ဒင်နဲ့ထုတာတို့၊ ပီးတော့ရွာသား ၂ယောက်ကို ဖမ်းထားပီးနှိပ်စက်စစ်‌ဆေးကြသေးတယ်” ဟု ဒေသတွင်း ကာကွယ် ရေးတပ်ဖွဲ့ဝင်တစ်ဦးက

ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်သားများသည် အဆိုပါရွာအတွင်း တပတ်ကြာတပ်စွဲကာ ဒေသခံများအား ဖမ်းဆီး နှိပ်စက်ခဲ့ပြီးနောက် စက်တင်ဘာလ ၁၃ ရက် ယမန်နေ့က ဘဝပင်ကျေးရွာမှ ထားဝယ်မြို့ဘက်သို့ စစ်ကြောင်းချီ ဆုတ်ခွာသွားသဖြင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ပြီး ဆုတ် ခွာရာလမ်းတလျှောက် ကိုလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့်

ရမ်းသမ်းပစ်ခတ်သွားကြောင်းလည်းသိရသည်။

ဘဝပင်ရွာဒေသခံများကို စတင်ဖမ်းဆီးထားသည့် စက်တင်ဘာလ ၆ ရက်နေ့ကစ၍ အဆိုပါရွာ အနီးဝန်း ကျင်တွင်လည်း စစ်ကောင်စီတပ်နှင့် KNLA၊ဒေသတွင်း PDF ပူပေါင်းတပ်ဖွဲ့များ တိုက်ပွဲများဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးမှုရှိခဲ့ကြောင်း ထားဝယ် ပ.က.ဖ တာဝန်ရှိသူမှ ပြောသည်။

#Ayeyarwaddy_Times